38

332 38 4
                                    

Zgy

Till the day;....38

နွေဉီးကနေ နွေရာသီ
နွေကနေ ဆောင်းဉီးကို တစ်ခါပြန်ပြောင်းလို့ သွားပေမယ့် ချန်းယောလ် ရှာနေရတဲ့သူကတော့ ပျောက်ဆုံးနေတုန်းပါပဲ

ဘဲ့ဟာက အခုဆိုရင် အလယ်တန်းတက်တော့မှာဖြစ်ပြီး အမေ့ရဲ့ မှတ်ဉာဏ်ဟာလဲ အရင်လိုပါပဲ။ ဒါပေမယ့် အမေက မေ့လျော့နေတဲ့ အချိန်တွေမှာတောင် ဘဲ့ဟာနဲ့ ချန်းယောလ်ကို မသိစိတ်ကနေ မှတ်မိနေပြီ။ ဘဲ့ဟာကလဲ အမေ အဲ့လိုဖြစ်တဲ့အချိန်ဆိုရင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သိနှင့်နေပြီ။

ဘတ်ဟျွန်းမရှိတဲ့ ဒီအိမ်ငယ်လေးမှာ ကျွန်တော်တို့တွေ အဲ့ဒီလို ကြိုးစားရှင်သန်ခဲ့ကြသည်။ဘတ်ဟျွန်း မရှိတာကလွဲရင် အရာရာက ပုံမှန်လေးအတိုင်း လည်ပတ်နေပါတယ်...

"ချန်းယောလ် အမေ့ကို ဒါတွေ လာဝိုင်းကူစမ်းပါ..."

"ဟုတ် အမေ..."

"ရွှတ် ..."

တရွှတ်ရွှတ်ဖြစ်နေတဲ့ ဘဲ့ဟာက မျက်စိထိအုပ်မိုးနေတဲ့ ဉီးထုပ်ကြီးကိုဆောင်းထားပြီး ကြက်သွန်နီနွှာနေတယ်။ မေမေက ဂျင်ဆင်းတွေကို ရေဆေးနေပြီး ချန်းယောလ်ကိုတော့ လက်တိုလက်တောင်း ထင်ရင်ထင်သလို အမေက အကုန်ခိုင်းနေတာပဲဖြစ်တယ်။

"ချန်းယောလ် ဒီအိုးကို ဟိုဘက်နားလေးရွှေ့ပေးဉီး..."

"ဟုတ်..."

"ကိုကိုချန်း ဘဲ့ဟာကို ကြက်သွန်တွေကူနွှာဉီး..."

"အင်းအင်း လာပြီ..."

"ချန်းယောလ်လ်ီ လမ်းထိပ်က အစ်မကြီးလီကို ဒါလေး သွားပေး ပေးဉီး..."

"ဟုတ်အမေ.."

ဂျင်ဆင်းဆေးစိမ်ထားတဲ့ ဖန်ဘူးလေးကိုင်ရင်း ချန်းယောလ် လမ်းထိပ်ဆီလျှောက်လာခဲ့သည်။ အမေရော ဘဲ့ဟာရော ရပ်ကွက်ထဲက လူတွေနဲ့ ပနံသင့်လွန်းကြသည်။ ချန်းယောလ်တစ်ယောက်သာ သီးသန့်လိုဖြစ်နေပြီး သိပ်မသိပေ။ ဘတ်ဟျွန်းသာရှိရင်လည်း အလိုက်သင့် နေနိုင်မှာပဲလို့ တွေးမိတော့ ချန်းယောလ် ဘတ်ဟျွန်းကို ပိုလွမ်းလာမိသည်။

ဘတ်ဟျွန်း ကျခဲ့ဖူးတဲ့ ရွှံ့ဗွက်အိုင်ကြီးက နွေရယ်ဆောင်းရယ်ကို ဖြတ်သန်းပြိး အခုတော့ နုန်းမြေမာမာတွေ အစားဝင်လာပြီ။ အလုပ်ခရီးက ပြန်လာချိန် ပေတလူးနေတဲ့ ရုပ်ကလေးနဲ့ ဝင်လာတဲ့ ကောင်လေးကို တွေးမိရင်း ချန်းယောလ်က ရွှံ့အိုင်ကြီးရှိခဲ့ဖူးတဲ့ နေရာလေးမှာ ငူငူကြီး ရပ်နေမိပြန်သည်။

Till The Day;...(completed)Where stories live. Discover now