Zgy
Till the day;....25
မသင်္ကာစရာ အငွေ့အသက်တွေကြောင့် ဘတ်ဟျွန်း ဘဲ့ဟာကို ကောက်ပွေ့လိုက်တယ်။
"ဘဲ့ဟာ ကိုကို့ကိုသေချာဖက်ထားပြီး နောက်က လျှာထိုးဉီးထုပ်နဲ့လူရဲ့ မျက်နှာကိုကြည့်..."
"ဟုတ် .."
တခုခုဆို ဘယ်အရာကို အရင်လုပ်ရမလဲဆိုတာကို ဘတ်ဟျွန်းဉီးဏှောက်က ကြိုတင်တွက်ချက်ထားပြီးသား။ ဒါဟာ သူခိုင်းစရာမလိုတဲ့ အလိုအလျောက်စနစ်တစ်ခုလိုပဲ။ လျင်တဲ့ ဘဲ့ဟာက ချက်ချင်းဆိုသလို သတင်းပေးလာတယ်
"ကိုကို အပင်နောက် ကွယ်သွားပြီ..."
"မျက်နှာ မြင်လိုက်လား..."
"ဟင့်အင်း.."
အရှိန်နဲ့ ပြေးလာပြီး လမ်းထိပ်က 24 hr မားကပ်လေးအနားမှာတော့ ဘတ်ဟျွန်းလက်ကောက်ဝတ်လေးတစ်ဖက် ဖမ်းဆွဲခံလိုက်ရတယ်။ ဖြန်းခနဲ လက်ပြန်ရိုက်ချလိုက်ပြီး မျက်နှာကို သေချာပြန်ကြည့်ချိန်မှာတော့...
"ဟင်..."
"ဘတ်ဟျွန်းရှီး ဘာလို့ အဲ့လောက်ပြေးနေတာလဲ..."
"သူဋ္ဌေး...."
"အင်း ဈေးဝယ်ရင်း ဘတ်ဟျွန်းကိုတွေ့လို့ နှုတ်ဆက်တာကို..."
"အိုး အဲ့လိုမဟုတ်ပါဘူး သူဋ္ဌေး တောင်းပန်ပါတယ်..."
"မဟုတ်တာ ရပါတယ် ငါကလည်း ရုတ်တရက် လှမ်းဆွဲလိုက်မိတာ ဆိုတော့.."
စကားပြောရင်း ဘေးဘီကိုဝေ့ဝဲကြည့်တော့ ခုနကလူက တစ်ဖက်လမ်းကြားထဲ တိုးဝင်ပျောက်ကွယ်သွားပြီ။ တကယ်ပဲ ဘာတြွေဖစ်လာဉီးမှာလဲ။ ဘတ်ဟျွန်းမသိ။
"ဆေးတွေရော ဆက်လုပ်ဖြစ်သေးလား..."
"ဟင့်အင်း မလုပ်ဖြစ်ပါဘူး။.."
"ဘာလုပ်နေတာလဲ အခုရော..."
"အာ ဒီအတိုင်းပါပဲ
ဝါသနာပါတာလေး ရှာကြည့်မလို့...""အိမ်ကရော ဘယ်မှာ နေတာလဲ
အဆင်ရော ပြေရဲ့လား...""ဟုတ် အဆင်ပြေပါတယ်..."
"အင်းပါ
ဒါဆို ငါလဲ သွားပြီ
ချိန်းထားတာလေး ရှိသေးလို့...
တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်လေ
ရော့ ကဒ်ယူထားလိုက်..."
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....