Till the day;...
zgy
မနက်ခင်းရဲ့ အလင်းတစ်ချို့က မှိတ်ထားတဲ့မျက်ခွံကို ရိုက်ခတ်လာတာနဲ့အတူ အတွေးစတစ်ခုဟာ တစ်ဆက်တည်း ကပ်ပါလာတယ်။ အဲ့တာကတော့ ငရဲဟာ နောက်တစ်ဖန်ပြန်စတင်လာပြီဆိုတဲ့ အကြောင်းပဲဖြစ်တယ်။ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ နိုးထရာဟာ အိပ်ခန်းတစ်ခုထဲမှာလား။ ကုတင်တစ်ခုထက်မှာလား။ စောင်အထပ်ထပ်လွှားထားတဲ့ နွေးထွေးတဲ့ ဂွမ်းစောင်အောက်ကလား။ သူ့အတွက်တော့ ညီစို့စို့အနံ့တို့ပက်ဖြန်းထားတဲ့ ရထားသံလမ်းဘေးက အိမ်ခြေရာမဲ့တွေ ခိုကိုးရာရဲ့ သတင်းစာတွေ အောက်ကဖြစ်တယ်။
အေးစိမ့်နေတဲ့ ဆိုလ်းမြို့ရဲ့ဆောင်းဟာ လူဆင်းရဲတွေအဖို့ ဓားထက်ထက် ထက်ပိုတဲ့အကြောက်တရားတို့ကိန်းအောင်းရာပဲ။ ရင်ခွင်ထဲက ၆နှစ်အရွယ်ကလေးငယ်ဟာ ရင်ငွေ့ကြောင့်နွေးနေနိုင်ပေမယ့် နှင်းခါးတဲ့ မနက်ခင်းတွေဟာ သူ့အတွက်တော့ ငရဲပဲ။ ထုံကျင်နေတဲ့ လက်မောင်းတစ်ဖက်ဟာ ကလေးငယ်ရဲ့ခေါင်းအုံးဖြစ်ပေးနေရတာ တာဝန်တစ်ကျပေမယ့် အသားမကျသေးတဲ့ သွေးသားတို့ဟာ မနက်ခင်းတိုင်းမှာ သွေးမလျှောက်သည်အထိ နှိပ်စက်တယ်။ မျက်ခွံမို့မို့လေးတွေ။ အအေးဓာဏ်ကြောင့် နီစက်စက်ဖြစ်နေတဲ့ ပါးမို့မို့လေးတွေ။ နှာသီးဖျားတွေ။ ဆာလောင်မှုနဲ့ အစိုဓာတ်ကင်းမဲ့နေတဲ့ အက်ကွဲကွဲ နှုတ်ခမ်းပါးတွေ။ နာနာကျည်းကျည်းတွေးပစ်လိုက်ရင် သူဟာ ဘာကြောင့်များ မွေးဖွားလာခဲ့သလဲ။ လူ့ဘဝရဲ့ ငရဲကို လက်တွေ့ ခံစားကြည့်ဖို့လား။ ဒါမှမဟုတ် ကိုယ်တိုင်ဖန်တီးပစ်ဖို့လား။
နေ့ရက်တိုင်းဟာ အကျည်းတန်တယ်။ ထိုအကျည်းတန်လွန်းတဲ့ ရှင်သန်မှုထဲက ရုန်းမထွက်နိုင်တာဟာ အိပ်ပျော်နေတဲ့ ကလေးလေးကြောင့် ။ သူသာမရှိရင်။ သူဆက်မတွေးဖြစ်တော့။
"အင်းးးး"
ညီးညူသံရှည်ဆွဲလို့ လူးလွန့်လာတဲ့ကလေးဟာလည်း ကျွန်တော်နဲ့ထပ်တူ ခံစားချက်များနဲ့လား။ နိုးထလာရခြင်းနဲ့အတူ ရှင်သန်ရမယ့် တစ်ရက်တာရဲ့ နာကျင်စရာတွေကို နာနာကျည်းကျည်းတွေးနေလောက်မလား။ ၆နှစ်အရွယ် အလေးမလေးတစ်ယောက်ရဲ့ အိပ်ရာထချိန်ဟာ လှုပ်နှိုးမယ့် မိခင်မရှိဘူး။ ဆာလောင်မှုအတွက် နွားနို့တစ်ခွက်လောက်လဲ မရှိဘူး။ အဆုံးစွန်ဆုံး စောင်ပါးပါးတစ်ထည်တောင်မရှိဘူး။ ပြီးတော့ ကလေးငယ်ဟာ အပြုံးတွေမရှိဘူး။
YOU ARE READING
Till The Day;...(completed)
Fanficကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....