part 9

508 28 0
                                    

Unicode Ver👇

လေယာဥ်ပေါ်ကဆင်းဆင်းချင်း အကိုတော်ကတော့ ဖင်တစ်လှုပ်လှုပ်နဲ့အရှေ့ကကော့တော့ကော့တော့ထွက်သွားလေရဲ့
ကျွန်တော်မျိုးကတော့ရှိသမျှအထုတ်တွေအကုန်ထုတ်ကိုင်ရင်း

"ဘေဘီ ခနစောင့်ပါအုံး မောင်အထုတ်တွေလဲသယ်ရသေးတာကို"

"အာဆောတီး..ပေးဒိကိုကူသယ်ပေးမယ်"

"မသယ်ရပါဘူးနော်...ဘေဘီကိုပျော်သွားမှာဆိုးလို့..ဒီက တစ်မိုးအောက် ဂျွန်ထယ်ယောင်းကို...ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နဲ့ ဂျွန်ဂျောင်ကုကထားမှာမို့...မောင့်ဘေးမှာပဲ ဒီတိုင်းလေးအမြဲနေပေး..."

"ကင်မ်ထယ်ယောင်းပါမောင်ရဲ့..."

"နောက်ကျရင်Jeonအိမ်သားဖြစ်လာမဲ့သူလေးကိုကြိုခေါ်ထားတာ...နောက်ဘယ်သူမေးမေးဂျွန်ထယ်ယောင်းပဲဖြေရမယ်...လာလာဘေဘီ..."

ထယ်တို့ကတော့ယောကျ်ားရကံကောင်းပြီထင်ပါရဲ့...အခုလဲသူကူသယ်မယ်ပြောတာကို ကားအထိမနိုင်မနင်းတွေသယ်ပြီး ကင်မ်မျိုးနွယ်ကနေဂျွန်မျိုးနွယ်ပါကူးပြောင်းခံလိုက်ရတယ်

အသင့်စောင့်ကြိုနေတဲ့ကားကသူတို့နှစ်ယောက်ကို အကောင်းစားHotelကြီးစီသို့ခေါ်ဆောင်လာခဲ့သည်..လမ်းတောက်လျှောက် ထယ်က ကားမှန်တံခါးကိုချပြီး...လေညင်းခံနေလေသည်...ထယ် Hawaii ကိုသွားချင်တာကြာပြီ မိဘတွေကလဲ သိပ်အချမ်းသာကြီးမဟုတ်ပေအလုပ်ကြိုးစားကြသူများဖြစ်သောကြောင့် ထယ့်ကိုသိပ်ဂရုမစိုက်နိုင်ကြပေ..အကိုကြီးကသာအစစအရာရာ ဂရုစိုက်ပေးခဲ့သည်...မိဘတွေကိုအပြစ်ပြောလို့မှမရတာ..သူတို့အခုထိစားသောက်နေထိုင်ရေးမစိုးရိမ်ဘဲနေနိုင်တာ မိဘတေကြောင့်ပဲမဟုတ်လား..ထယ့်ကိုအငယ်ဆုံးသားလေးမို့ဘယ်လောက်ချစ်လဲသူအသိဆုံးပေ...
ကျောင်းပြီးရင်တော့ Hawaii ကိုအလည်ထွက်မယ်လုပ်ထားတာ...အခုတော့ဂျောင်ကု ကြောင့် ရောက်ခဲ့ပြီ...ဂျောင်ကုကသူ့စိတ်ကိုပင်သိနေသလိုပင်...

Hotelရဲ့အခန်းကိုရောက်တော့ ကုတင်ပေါ်ပြေးလှဲချလိုက်ပြီး..
ပင်ပန်းလိုက်တာဟုပွစိပွစိ ညည်းနေတဲ့အဆိုးလေးကို ဂျောင်ကုသဘောကျစွာပြုံးပြီး...ပစ္စည်းတွေကိုတစ်ယောက်ထဲသိမ်းလိုက်သည်...ပီးတော့ ထယ့်ဘေးကိုဝင်လှဲပြီးနှဖူးပေါ်လက်တင်ကာစဥ်းစားခန်းဖွင့်နေလိုက်တယ်...ထိုစဥ်

END(Completed)Where stories live. Discover now