unicode ver
ထယ်ယောင်းမနက်နိုးတော့ ဘေးနားမှာဂျောင်ကုမရှိတော့ပါ..မျက်နှာသစ်ပြီးအိမ်အောက်ထပ်ဆင်းတော့..Seokjinပြောတာ..သူ့အဖေကိုလေဆိပ်မှာသွားကြိုတယ်တဲ့...ထယ်ယောင်းလဲမနက်စာစားပြီး...စတော်ဘယ်ရီမစ်ရှိတ်ကိုဖောက်သောက်ကာ ခြံထဲကဒန်းပေါ်မှာထိုင်နေလိုက်တယ်...ထိုစဥ်phထဲသို့ဝင်ရောက်လာသော message အသံ..ဖွင့်ကြည့်လိုက်တော့Unknow noနဲ့..
"5minနေရင်ကားအမဲရောင်တစ်စီးလာကြိုလိမ့်မယ်မောင့်နောက်လိုက်ခဲ့"
"ဟင်..မောင်ကသူ့Ph နဲ့လဲမဟုတ်ဘူး..သူ့လူတွေနဲ့မှာလိုက်တာထင်တယ်..."
အတွေးမဆုံးခင်အိမ်ရှေ့က ကားဟွန်းသံကြောင့်ထွက်လာခဲ့တယ်..အမဲရောင်ကားပေါ်ကလူတစ်ယောက်က တံခါးဆင်းဖွင့်ပေးတာကြောင့်အလွယ်တကူပဲ ထယ်ယောင်းကားပေါ်တက်ပြီးလိုက်လာခဲ့တယ်...ရုတ်တရက်သူ့မျက်နှာပေါ်ကျရောက်လာတဲ့အဝတ်တခုကြောင့် ရုန်းရင်းဆန်ခက်ဖြစ်ကာ..ထယ်ယောင်းလေးရဲ့မျက်လုံးအစုံမှိတ်ကြသွားပြီး..ထိုကားအမဲလေးကတော့ ဒယ်ဂူးမြို့ရဲ့ လူခြေနည်းတဲ့အရပ်ဆီမောင်းနှင်သွားလေသည်။
"ထယ်ရေ..."
"ထယ်မင်းနောက်လိုက်သွားတယ်လေ"
"အမ်မဟုတ်ပါဘူး..."
"ဟုတ်တယ်...ကားအမဲတစ်စီးနဲ့ခေါ်သွားတာ
မင်းလွှတ်လိုက်တာမဟုတ်ဘူးလား""မဟုတ်ပါဘူး hyungရာ..ကျွန်တော်ကအခုမှ အဖေတို့ကအိမ်ဝင်ထားပြီး ထယ့်ကိုလာခေါ်တာ"
"ဒါဆို ဘယ်သူလာခေါ်တာလဲ ဖုန်းဆက်စမ်းပါအုံး"
တီ...တီ...တီ...
"ဖုန်းဆက်သွယ်လို့မရဘူး"
"ဂျောင်ကုရေလုပ်ပါအုံး ယောင်းတခုခုဖြစ်နေတာလား"
"hyungစိတ်အေးအေးထားပါ...ကျွန်တော်စုံစမ်းလိုက်မယ်"
ထိုစဥ်ဂျောင်ကုဖုန်းထဲကို နံပါတ်စိမ်းတစ်လုံးနဲ့ msgပို့လာသည်။
"မင်းဆော့လို့တော်သင့်ပြီထင်တယ်
ငါ့အပိုင်အရုပ်အလှလေး ပိုင်ရှင်ဖြစ်တဲ့ ငါကိုပြန်ပေးဖို့သင့်ပြီ"