part 21

413 17 1
                                    

Unicode Ver

နာရေးကိစ္စတွေပြီးဆုံးသွားတဲ့အခါ Jeonအိမ်တော်က တိတ်ဆိတ်သွားပြီ ဝမ်းနည်းမှုတွေကိန်းအောင်းနေတဲ့အိမ်ကြီးဖြစ်လာခဲ့တယ် ။ Jeonလူကြီးနဲ့ အမဖြစ်သူကတော့ စိတ်ဒဏ်ရာများစွာဖြင့် နိုင်ငံခြားကိုထွက်သွားခဲ့လေသည်၊ ယွန်းဂီကလဲ မိဘတွေ တိုက်တွန်းမှုကြောင့် နိုင်ငံခြားက company အခွဲမှာသွားနေလိုက်ရတယ်။Jungkookကအကြောင်းစုံကိုသိသင့်သလောက်သိပေမဲ့ အဓိကအချက်ကိုသိချင်လို့ ဒီမှာနေခဲ့ပြီးရသလောက်စုံစမ်းရင်းနေသည်။

"မင်းပြောတာအမှန်ပဲလား"

"ဟုတ်ပါတယ် သခင်လေးJiminကို လူတယောက်နဲ့စကားပြောတာတွေ့ခဲ့ပါတယ် ခနကြာတော့ သခင်လေးကငိုပြီး ကားကိုအတင်းမောင်းသွားတာတွေ့ခဲ့တယ် ပြီးတော့ ကားမှောက်တဲ့သတင်းကြားရတာ ဒါကြောင့် ဒီကိစ္စနဲ့သက်ဆိုင်နေမယ်လို့ကျွန်တော်ထင်မိတယ်"

"မင်းတွေ့ခဲ့တာဒီလူလား"

ယွန်းဂီရဲ့ပုံကို လူငယ်တစ်ယောက်အားထုတ်ပြပြီး ထိုလူငယ်ကအတန်ကြာ‌သေချာစဉ်းစားပြီး

"သေချာပါတယ်ဗျ ဒီလူကြီးမင်းက အဲ့နေ့ကမျက်မှန်တပ်ထားပါတယ် သေချာတယ်"

"ကောင်းပါပြီ တာဝန်ကျေပါတယ်"

"ဟုတ်ကဲ့ ဒါဆိုသွားခွင့်ပြုပါအုံး"

"အင်း"

ထင်တာမမှားဘူးဆိုရင် ယွန်းဂီနဲ့ အငယ်လေးဟာပြသနာတခုဖြစ်ခဲ့ပုံရတယ် အဝေးကြီးစဉ်းစားစရာမလိုပါဘူး အငယ်လေးသူ့ကိုဖွင့်ပြောခဲ့မှာပဲ လက်မခံလို့ အငယ်လေးက ငိုပြီး ပြန်သွားတာဖြစ်ရမယ် အဖြေက စုံထောက်ငှားစရာမလိုအောင်ရှင်းနေတာပဲ အငယ်လေးနဲ့ယွန်းဂီကြားကဘာပြသနာများဖြစ်စရာရှိမှာမို့လဲ

"ဘာလို့အဲ့လောက်ရူးမိုက်ရတာလဲ အငယ်လေးရယ် စိတ်ချပါ hyung သေချာပေါက်လက်စားချေမယ်"

အဲ့သည်လိုနဲ့ Jungkook နိုင်ငံခြားကိုထွက်သွားခဲ့တယ်။

Flash back!!!

"အဲ့တာပါပဲ ထယ်"

ပြောနေရင်း မျက်ရည်များနှင့် သိမ်ငယ်နေတဲ့ဂျောင်ကုကိုသူထွေးပွေ့ပေးချင်ပါသည်။ ဒါပေမဲ့ပြန်တွေးရရင် ယွန်းဂီနဲ့ဂျောင်ကုရဲ့အငြိုးတေးတွေကြားထဲ ထယ်ကမြေစာပင်ဖြစ်ခဲ့တာမလား။

END(Completed)Where stories live. Discover now