Part 14

524 28 0
                                    

Unicode ver

ညစာစားပြီး စကားတောင်သေချာမပြောလိုက်ရဘဲ
စာကျတ်ရတာပင်ပန်းတဲ့ဒါဏ်ကြောင့်
နှစ်ယောက်သားအိပ်ယာတန်းဝင်ပြီး အိပ်လိုက်ကြတယ်....

မနက်စောစောAlarmသံကြားလို့ထယ်ယောင်းလှမ်းပိတ်ပြီး
ဘေးကိုလက်နဲ့စမ်းကြည့်တော့ လစ်ဟာနေတယ်
ဂျောင်ကုကိုမစမ်းမိဘူး...
သေချာအောင်မျက်လုံးဖွင့်ကြည့်တော့...
ဟုပါရဲ့...မနက်7နာရီပဲရှိသေးတယ်....
ဘယ်သွားတာပါလိမ့်...
ညကလဲတူတူအိပ်တာပါ...

ထယ်ယောင်းလဲမျက်နှာသစ်ပြီးအခန်းထဲကထွက်ကာ
ဂျောင်ကုကိုလိုက်ရှာလိုက်တယ်...
နေရာစုံအောင်ရှာပေမဲ့ထယ်ယောင်းမတွေ့ခဲ့ပေ...
အိမ်ကြီးမှာသူတစ်ယောင်ထဲအတွေးကြောင့်ကျောချမ်းလာတယ်...
အိမ်မှာနေတဲ့သူတေကလဲတစ်ယောက်မှမတွေ့ပေ...

အိမ်ကြီးရဲ့အလည်မှာမတ်တပ်ရပ်နေရင်း
ဝုန်းဆိုပြီးတခုတခုပြုတ်ကျတဲ့အသံကျယ်ကြီး
ကြားလိုက်ရတယ်..ထယ်လန့်ပြီး..မျက်ရည်တောင်ဝဲချင်လာပြီ
အသံကအပေါ်ထပ်ကလာတာ...ထင်မိသလောက်
စာကြည့်ခန်းထဲကအသံဖြစ်တာကြောင့်...
အသံလာရာဆီသွားဖို့ခြေပြင်လိုက်တယ်...
တစ်လှန်းခြင်းလှမ်းကာ...ထယ်ယောင်းစာကြည့်ခန်းရှေ့ရောက်တော့...တံခါးလက်ကိုင်ဘုလေးကို..အသာယာလှည့်ကာဖွင့်လိုက်တယ်...အလိုလျောက်ပွင့်သွားတဲ့တံခါးကိုတွန်းကာ..အထဲကိုဝင်လိုက်တယ်...

သပ်သပ်ရပ်ရပ်နဲ့အလွန်လှပတဲ့စာကြည့်ခန်းပါလား...
စာကြည့်ခန်းထဲက ဂျောင်ဂုအမေရဲ့ဓာတ်ပုံအကြီးကြီး
​ရှေ့ရပ်ကာ..ရပ်ကြည့်နေမိတယ်...
ဂျောင်ကုအမေကသိပ်လှတာ...
သူမရဲ့အပြုံးကမတ်တပ်ရပ်နေတဲ့ထယ်ယောင်းတောင်ကြည့်ပြီးအလိုလိုပြုံးမိတယ်...ပန်းချီအဖြစ်ဖန်တီးထားပေမဲ့သိပ်အသက်ဝင်လှတာ...သေချာပါတယ်ဒီစာကြည့်ခန်းက..ဂျောင်ကုအမေရဲ့အခန်းဖြစ်မယ်ဆိုတာ...

ထယ်လဲခုနကအသံကြားတာ ဘာများလဲသိအောင်လိုက်ရှာတော့...စာအုပ်စင်နားလေးမှာပြုတ်ကျနေတဲ့ boxလေးတခု...
ထယ်လဲကောက်ယူကာနေရာပြန်ထားပေးဖို့လုပ်ရင်း..
ကောက်ယူလိုက်တော့...ထွက်ကျလာတဲ့ဓာတ်ပုံအဟောင်းလေးတွေ...

END(Completed)Where stories live. Discover now