Unicode Ver
"hyung သူကဘယ်သူလဲဟင်"
"အော် သူက hyungတို့ ကုမ္ပဏီရဲ့ပါတနာအသစ်
Min yoon Gi တဲ့ ဘာလို့လဲ""ဟီး ဘာမှမဟုတ်ပါဘူး ဗိုက်ဆာတယ်လို့ "
"လာလာ သွားစားမယ် တကယ်ပဲ"
Jimin's mind
"Min yoon Giတဲ့ လား ဟီးး မဆိုးပါဘူး ချစ်စရာကောင်းတယ်"
နှစ်လိုဖွယ်အပြုံးတစ်ခုကိုချိတ်စွဲရင်း ကားပေါ်တက်သွားတယ်။
yoongiတစ်ယောက်သူရဲ့ကောက်စိန်လေးကိုချော့ဖို့အတွက် စတော်ဘယ်ရီတစ်ခြင်းဝယ်ကာ cakeတစ်ခုနဲ့ တိုက်ခန်းကိုအပြေးသွားရပြန်တယ်။
"knock..Knock!!"
"ဘာလာလုပ်တာလဲခုမှ"
"ကိုကို ကလေးလေးဆီလာတာလေ"
"ဘာအခုမှကိုကို့ကလေးလေးလုပ်နေတာလဲ"
"ယောင်းလေးကလဲ ကိုကို့ ကိုအထဲပေးမဝင်တော့ဘူးလား ညောင်းနေပြီ ရပ်နေရတာ"
"အမလေးနော်...ကြွပါခင်ဗျာ လာပါ"
အထဲကိုဝင်ပြီး ဆိုဖာပေါ်ထိုင်ကာ ဝယ်လာသမျှကို စားပွဲပေါ်တင်လိုက်တယ် ။ ထယ်ကလဲသူဘေးမှာလာဝင်ထိုင်တယ်။ ထယ်လက်ကိုဆုပ်ကိုင်ရင်း
"ကလေးရယ် ကိုကိုက တန်းပြီးစာချုပ်ချုပ်ဖို့သွားရလို့ပါ Jeon family ကိုစောင့်ခိုင်းရမှာအားနာလို့ပါ"
"ဒိကချစ်သူကိုကျတော့အားမနာဘူးပေါ့..."
"ဟောဗျာ..ဒိကချစ်သူလေးကို ပြန်ချော့လို့ရတယ်လေ ဟိုက CEOကြီးကို ကိုကိုက ရင်ခွင်ထဲထည့်ပြီးချော့လို့ရပါ့မလား"
"အော် ကိုကိုက Jeon CEOကိုတောင်ရင်ခွင်ထဲထည့်ချင်သေးတယ်ပေါ့"
"ပေါက်ကရဗျာ...မကြံကောင်းမစည်ရာ "
"အဲ့CEOက ဒီကယောင်းလောက်ချစ်ဖို့ကောင်းလို့လား ဟွန့်"
"ဟုတ်ပါ့ဗျာ ကိုကို့ ကလေးလောက်ဘယ်သူမှချစ်ဖို့မကောင်းဘူး ဒီက ကလေးပေါက်ကသာချစ်ဖို့ကောင်းတာ"
"ဟွန့်"
"ကဲပါ ကလေးအတွက် ကိုကိုက ကလေးအကြိုက်ဆုံး စတော်ဘယ်ရီကိတ်ရယ် စတော်ဘယ်ရီသီးတွေရယ်ဝယ်လာပါတယ်ဗျာ..စားလိုက်ပါအုံး"