Unicode Verထယ့်ရဲ့အဖြစ်ကိုသိပြီးသူကိုယ်တိုင်ချစ်ရတဲ့သူသေကြောင်းကြံမိခဲ့သည့်အတွက် ယွန်းဂီတယောက်လဲ သူ့ရဲ့ကမ္ဘာတခုလုံးစုတ်ပျက်သွာသလိုဖြစ်ပြီး စိတ်လွှတ်သွားကာ အချိန်တိုင်းထယ်ယောင်းနာမည်ကိုသာခေါ်နေသည်။
"ကို့ကိုယောင်းလေးဘယ်ရောက်နေလဲဟင်၊ ကိုကို့ကိုပုန်းနေတာလား စတော်ဘယ်ရီကိတ်လေးရော မစ်ရှိတ်လေးရောဝယ်ကျွေးမယ်လေပြန်လာခဲ့ပါ ဘာလို့ကိုကို့ကိုပြစ်ထားရတာလဲ ၊ မဟုတ်မှ ယောင်း ကိုကို့ကိုမချစ်တော့ဘူးလားဟင် ယောင်း ဘယ်မှာလဲ ကိုကိုခေါ်နေတယ်လေ"
အခန်းထဲရှိပစ္စည်းများကိုရိုက်ခွဲဝုန်းဒိုင်းကြဲကာသောင်းကျန်းနေလေသည်။
"သားလေးရယ်စိတ်ထိန်းပါအုံးကွယ်"
"ယောင်းပြန်လာပြီလားဟင်၊ခင်ဗျားတို့ယောင်းကိုဖွတ်ထားတာမလား ကျွန်တော့ကိုပြန်ပေးပါ ကျွန်တော့်မှာရှိတာအကုန်ကြိုက်တာယူသွားပါယောင်းကိုတော့မယူသွားကြပါနဲ့ပြန်ပေးပါ ကျွန်တော့မှာသူပဲရှိတာမို့ ပြန်ပေးကြပါဗျာ"
အမေဖြစ်သူဟာသူ့သားကိုကြည့်ပြီး ယူကြုံးမရငိုမိသည်။သူတို့သာအတ္တမကြီးခဲ့လျှင်ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ချေ အခုဆိုသူတို့ရဲ့သားလေးကအရူးတပိုင်းဖြစ်ကာ စိတ်ကစဉ်းကလျားဖြစ်နေပြီ။အချိန်တိုင်းသူတို့နှစ်ယောက်ရိုက်ထားတဲ့ပုံလေးကိုလက်တွင်ပိုက်ထားကာ၊တစ်ယောက်ထဲစကားပြောလိုက် ငိုလိုက် တခါတလေရယ်မောလျက် တခါတလေဤသိုဝိုင်းဒိုင်းကြဲလျက်ဖြစ်နေခဲ့သည်။
6လခန့်ကြာသောအခါ-
အခန်းငယ်လေးတခုတွင်ဆရာဝန်ရော Nurse တွေရောပြာယာခက်လျက်ရှိနေသည်။ဘာတွေဖြစ်နေသလဲသေချာမသိရပင် အခန်းထဲကိုဖြည်းငြင်းစွာဝင်လာလျက် အိပ်ရာထက်တွင်လှပစွာလဲလျောင်းနေသော လူငယ်လေးကိုကြည့်ပြီး မျက်ရည်စတို့ကျဆင်းလာပြန်လေသည်။
ထို့နောက် တာဝန်ရှိသူဆရာဝန်တဦးက စတင်၍စကားပြောခဲ့သည်
" လူနာရှင်...JeonJungkook"
"ဟုတ်ကဲ့ ပြော ပါ..."
"စိတ်ခိုင်ခိုင်ထားပါ လူနာရဲ့နှလုံးက အလုပ်မလုပ် တော့ဘူး စိတ်မကောင်းပါဘူးဗျာ"