Unicode Ver
ရက်အတော်တန်ကြာပြီးတဲ့နောက် yoongiနဲ့ Jiminလဲအတော်လေးခင်မင်လာပြီး အပြင်တွေလျှောက်သွားလည်တဲ့အထိအဆင့်ရောက်လာခဲ့ပြီ
"ကလေး တနေကုန်လျှောက်သွားလည်နေတာမမောသေးဘူးလား"
"မမောသေးပါဘူး ဘာတုန်း လူကြီးကမောနေပြီလား မနေ့ကမှစာမေးပွဲပြီးထားတာကို"
"ဟုတ်ပါပြီပေါက်စရာ ကိုယ်တော့မပြောတော့ဘူး ပြောလဲနိုင်မှာမဟုတ်ဘူး"
"ဟီး"
ထိုစဉ် ယွန်းဂီဆီသို့ဖုန်းဝင်လာခဲ့တယ်။
"ပေါက်စ ခနလေးနော်ဖုန်းသွားပြောချင်လို့"
"အော် ရပါတယ်"
** ဟူးး အဲ့တာလူကြီးရဲ့ချစ်သူပဲမဟုတ်လား ကျွန်တော် မနာလိုတယ်လူကြီးရယ်သဘောမကျချင်ဘူး တနေ့တခြား လူကြီးပေါ်ခင်တွယ်လာတဲ့စိတ်နဲ့ရူးတော့မလိုပဲကျွန်တော်လူကြီးကိုချစ်မိနေပြီ ပိုင်ဆိုင်ချင်နေမိပြီ ကျွန်တော်ဘယ်လိုလုပ်ရပါ့မလဲ ဖွင့်ပြောရင်ဒီဆက်ဆံရေးလေးပျက်ဆီးသွားမလား၊ပိုင်ရှင်ရှိမှန်းသိတာတောင်မလွန်ဆန်နိုင်ပဲချစ်မိခဲ့တယ်လူကြီးရယ် ကျွန်တော်ဘာဆက်လုပ်ရတော့မလဲ**
"ဟဲလို"
"ကိုကို ဘယ်မှာလဲ"
"ကိုကို အသိသူငယ်ချင်းရဲ့ညီလေးနဲ့ ကစားကွင်းရောက်နေတယ်"
" အာ ဟုတ်လား"
"ယောင်းလေးရော စာမေးပွဲဖြေနိုင်တယ်မလား"
"ဖြေနိုင်ပါတယ်ကိုကိုရယ် အခုမှနိုးတယ် စိတ်ချလက်ချကိုအိပ်ပျော်သွားတာ အဲ့တာနိုးတာနဲ့ ကိုကိုဘာလုပ်နေလဲဖုန်းဆက်လိုက်တာ"
"ဟုတ်ပါပြီဗျာ ဒါဆို ညကြရင်တွေ့မယ်နော် ကိုကိုတိုက်ခန်းကိုလာခဲ့မယ်"
"ဟုတ်ကဲ့ကိုကို"
ဖုန်းပြောပြီး Jiminဆီပြန်လာတော့ ပေါက်စကခပ်ရေးရေးလေးပြုံးပြတယ်။
"လူကြီးဖုန်းပြောပြီးပြီလား"
"အင်းပြီးပြီ ပေါက်စလေး"
"ဒါဆို ကျွန်တော်တို့ပြန်ကြရအောင်လေ"
"ဟင် ခုနကပဲလည်လို့မဝသေးဘူးဆို"