🍎Ep 3🍎z+u

25.4K 1.4K 69
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (Boy Love)

Ep 3

နောက်ကျိနေတဲ့ဦးခေါင်းကိုဖိကိုင်ရင်း ညဥ့်ဦးယံအိပ်ယာနိုးလာခဲ့သည်။ ဘေးကနေရာကိုလက်ဖြင့်စမ်းကြည့်မိတော့ မနေ့ကမှအကြင်လင်မယားဖြစ်ခဲ့သော ပူပူနွေးနွေးဇနီးအလှလေးကအနားတွင်မရှိတော့ မျက်နှာကအလိုလိုသုန်မှုန်လာသည်။ ခေါင်းတစ်ခြမ်းကနာကျင်နေတာဟာ ဘာ့ကြောင့်များလဲဟုသူအတွေးဝင်မိပြန်၏။ ညက သူနဲ့ကလေးငယ်တကယ်ပဲလင်မယားအရာမြောက်ခဲ့လေသလားဆိုတာလုံးဝတွေးလို့မရခဲ့။ မူးဝေစေတဲ့သေရည် သေရက်မသောက်ထားပါပဲနှင့် ညကအဖြစ်ပျက်တွေကို ဘာ့ကြောင့်မမှတ်မိရသလဲ။

"ဦးညဥ့်နိုးနေပြီလား။ လွှာကမနိုးလောက်သေးဘူးထင်လို့လာနှိုးတာ"

အတွေးကောင်းနေတုန်းအခန်းတံခါးဖွင့်၍ဝင်လာသော ဇနီးအလှလေးကိုတွေ့လိုက်ရသည်။ ကုဠေတစ်သန်းမကထိုက်တန်သောခြေလှမ်းများဖြင့်သူရှိရာကုတင်အနားသိုတရွေ့ရွေ့လျှောက်လာသော ဇနီးအလှလေးကို ညဥ့်ဦးယံတယောက် မျက်တောင်မခတ်နိုင်စွာကြည့်နေမိသည်။ ခရမ်းရောင်ဒူးအထက်ဂါဝန်ကားကားလေးကိုဝတ်ဆင်ထားတဲ့သူ(မ)လေးက အရမ်းလှလွန်းသည်။ မင်္ဂလာဆောင်နေ့တည်းက သူ(မ)လေးဝတ်ဖို့အဝတ်အစားတွေစီစဥ်ခိုင်းထားတာ တကယ်အဆင်ပြေသွားတာပဲ။

"ကိုယ်နိုးတော့ကလေးက ကိုယ့်အနားမှာမရှိတော့ဘူး။"

ကုတင်ဘေးမှာမတ်တပ်ရပ်နေတဲ့ ဇနီးအလှလေးရဲ့ခါးသိမ်သိမ်လေးကို ညဥ့်ဦးယံ သူလက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်ပြီး ဗိုက်နားကိုမျက်နှာအပ်ကာပြောလေတော့ သူ(မ)လေးက လက်ချောင်းသွယ်သွယ်လေးတွေနဲ့ညဥ့်ဦးယံ၏ ဆံပင်တွေကြားထိုးမွှေဆော့ကစားနေ၏။

"လွှာ ဦးညဥ့် နှိုးလာရင်စားဖို့ပသျှူးထမင်းကြော်လေးလုပ်ပေးနေလို့ပါ။ "

"အလုပ်သမားတွေရှိတာပဲ။ ဘာလို့ကိုယ်တိုင်ဝင်လုပ်နေတာလဲ။ ကိုယ်ကလေးကိုယူထားတာ ခိုင်းဖို့မဟုတ်ဖူးလေကွာ။ ကလေးတာဝန်က ကိုယ့်အနားမှာနေဖို့ပဲ။"

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UWhere stories live. Discover now