🍎Ep 20🍎z+u

20K 1K 22
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (boy love)

Ep 20

ဟူဒီပန်းရောင်လေးကို ဒူးအထက်စတိုင်ပန်အဖြူလေးနှင့်တွဲဝတ်ကာဦးထုတ်အဖြူလေးကိုအနောက်ပြန်စောင်းရင်း ရှူးဖိနပ်အဖြူလေးကိုစီးလျှက် လက်တဖက်ကသံကြိုးကွင်းလေးကိုကိုင်ကာ ကြယ်ဖြူလေးနှင့်လမ်းလျှောက်ထွက်ဖို့ ကြွေရုပ်တက်ကြွနေမိသည်။

ဂါဝန်အနီရောင်လေးကိုဝတ်ပေးထားပြီး ခြေထောက်နှစ်ချောင်းနှင့်လက်နှစ်ချောင်းမှာဖိနပ်ပိစိလေးတွေစီးပေးထားကာ ခေါင်းထိပ်ကအမွှေးစုလေးကို ဖဲပြားကလစ်အသေးလေးပန်ပေးထားသော ကြယ်ဖြူလေး၏ပုံစံဟာချစ်စဖွယ်ကောင်းကာ မြင်သူတကာအသဲယား၍ပွေ့ချီချင်စိတ်ကိုဖြစ်ပေါ်လာမှာမလွဲပေ။

"သက္ကရေ ပြင်ဆင်လို့မပြီးသေးဘူးလားကွာ။ ငါတို့သားအဖတောင်အပြင်သွားဖို့အဆင်သင့်ဖြစ်နပြီ။"

"လာပါပြီကွာ။ မင်းဝတ်ခိုင်းတဲ့အဝတ်အစားတွေက ဝတ်သားမကျတော့အနေခက်တယ်။"

ပြောရင်းဖြင့်ကြွေရုပ်တို့အနားသို့ရောက်လာသောသက္ကကို ကြွေရုပ် ခေါင်းအစခြေအဆုံးအထက်အောက်စုန်ဆန်၍ကြည့်မိသည်။ T-shirt အပြာလေးနှင့် ဒူးပြဲဂျင်းပြာအရှည်ကိုဝတ်ကာ ဆံပင်ကိုနဖူးပေါ်သို့ ဖရိုဖရဲချထားသော သက္က၏ ပုံစံဟာ လွန်ခဲ့သည့်တပတ်ခန့်က အညာမှရောက်လာပုံနှင့် အဆတစ်ရာမကကွာခြားလွန်းသည်။

"ဝိုးး ငါ့သူငယ်ချင်းက ဒီလိုကျတော့လည်းအရမ်းလန်းနေပါလား။"

"အဟီးး.. ဟုတ်လား။ မင်းပြောသလို ငါပုံစံကတကယ်ပဲကြည့်လို့အဆင်ပြေလား။"

"ငါကတကယ်မဟုတ်ပဲပြောပါ့မလား။ ကိုမိုးထက်ရေ ဒီကိုခဏလာပါဦး။"

ကြွေရုပ်သည် သက္ကကိုပြောလျှက်ပင် သူတို့အရှေ့ခပ်လှမ်းလှမ်းမှဖြတ်သွားရန်ပြင်နေသောမိုးထက်ကိုလှမ်းခေါ်လိုက်သည်။ ကြွေရုပ်၏ခေါ်သံကြောင့် မိုးထက်သည်ကြွေရုပ်တို့အနားသို့ရောက်လာလေသည်။ သက္ကမှာတော့ ကြွေရုပ်နှင့်မိုးထက်ကိုနားမလည်နိုင်သလိုတလှည့်စီကြည့်နေမိသည်။

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UHikayelerin yaşadığı yer. Şimdi keşfedin