🍎final🍎z+u

31.1K 1.1K 52
                                    

Uni

ယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (boy love)

Final

"အင်းး... ဟင့်"

ပြတင်းပေါက်မှတဆင့် တိုးဝင်လာတဲ့နေရောင်စူးစူးကြောင့် ကုတင်ထက်တွင် လဲလျောင်းအိပ်စက်နေသည့် အစိုင်အခဲလေးက မျက်နှာလေးရှုံ့မဲ့လျက် နိုးလာခဲ့ဟန်တူ၏။ အိပ်ချင်မူဝါးဖြင့် လက်ဖဝါးနုနုနှစ်ဖက်က မျက်ဝန်းတွေကိုပွတ်သပ်ရင်း ခရမ်းရင့်ရောင်မွေ့ယာထက်တွင် လှဲအိပ်နေရာမှ ထ၍ထိုင်လိုက်သည်။

"အဲ.. ငါနဲ့သက္ကက ဟိုအကိုရဲ့ ကားပေါ်မှာလေ။ ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်နေတာလဲ။ သက္ကကရောဘယ်မှာလဲ။"

မျက်လုံးအစုံပွင့်ဟလာသည့်အခါမှ ကြွေရုပ်သည် စိမ်းသက်သည့်နေရာဖြစ်နေတာကြောင့် ထိတ်လန့်စွာပင် မျက်လုံးများပြူးကျယ်သွားရသည်။

"ကျွီ!!"

ကြွေရုပ်ထိတ်လန့်နေတုန်းမှာပဲ ရုတ်တရက်အခန်းတံခါးဖွင့်သံကြားရတာကြောင်​့ တံခါးပေါက်ဆီအကြည့်ပို့မိတော့ ကော်ဖီနှင့်မုန့်ထည့်ထားသော လင်ဗန်းတချက်ကိုကိုင်၍ အခန်းထဲဝင်လာသည့်မိုက်ခ်ကိုတွေ့လိုက်ရသည်။

"အော်.. ညီတောင်နိုးနေပြီပဲ။"

မိုက်ခ်က ပုံမှန်ခြေလှမ်းတွေနဲ့သာ ကြွေရုပ်ရှိရာဆီကိုလျှောက်လာသည်။ ကြွေရုပ်ကတော့ မိုက်ခ်အား နားမလည်နိုင်သည့်အကြည့်တွေဖြင့်သာကြည့်နေလေသည်။ ထို့နောက်သူမေးချင်သည့်မေးခွန်းများကို မိုက်ခ်အားမေးရန် နုတ်ခမ်းကိုတံတွေးစွတ်သည့်အနေဖြင့် လျှာနှင့်အနည်းငယ်သပ်လိုက်သည်။

"ကျွန်တော်ဘယ်ရောက်နေတာလဲအကို။ ပြီးတော့ကျွန်တော့သူငယ်ချင်းနဲ့ ကျွန်တော့်ရဲ့ခွေးလေးရော.. သူတို့အခုဘယ်မှာလဲ။"

"မေးခွန်းတွေများလှချည်လားညီရယ်။ အကိုဘယ်ကစပြီးဖြေရပါ့မလဲ။"

မိုက်ခ်က ကြွေရုပ်ရဲ့မေးခွန်းတွေကိုအပြုံးနှင့်သာပြန်ပြောလိုက်သည်။ မိုက်ခ်ရဲ့အပြောကြောင့် ကြွေရုပ်လည်း သူအရမ်းစိတ်လောသွားတာကိုသိ၍ အားနာသွားရသည်။

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UWhere stories live. Discover now