Uni
အယောင်ဆောင်သတို့သမီး
(သို့မဟုတ်)
ဦးရဲ့ကြွေရုပ် (boy love)
Ep 17
ယနေ့သည် ကြွေရုပ် ဆေးရုံမှဆင်းရသောနေ့ဖြစ်၏။ ကားပေါ်မှဆင်းလိုက်သည်နှင့်အိမ်တံခါးဝတွင် အသားကပ်အနီရောင်ဂါဝန်အရှည်ကိုဝတ်၍ လက်ပိုက်လျှက် တံခါးဘောင်ကိုမှီကာမတ်တပ်ရပ်၍ ကြွေရုပ်အား မချေမငံကြည့်ကာဆီးကြိုနေသော တည်တံ့လွှာကို ကိုတွေ့လိုက်ရသည်။
"အဟင်း ဦးယံက ကြွေရုပ်ကိုအိမ်ပြန်ခေါ်လာတာလား။"
"ကျုပ်ယောက်ျားကိုကျုပ် အိမ်ပြန်ခေါ်လာတာဘာများထူးဆန်းနေသလဲတည်တံ့လွှာ။"
ကြွေရုပ်၏ပခုံးလေးကို သူ့လက်နှစ်ဖက်ဖြင့်တွဲကာအိမ်ထဲဝင်ရန်ပြင်နေရာမှ တည်တံ့လွှာ၏စကားကို ညဥ့်ပြန်လည်၍ချေပပြောဆိုမိသည်။
"ဒါပေမယ့် ကြွေရုပ်က ကိုလူပျိုနဲ့လက်ထပ်ထားတယ်မလား။"
္"မင်းပြောစရာကျန်သေးရင်နောက်မှဆက်ပြောတော့ တည်တံ့လွှာ။ babyပင်ပန်းလာတယ်မလား။ ကိုယ်တို့အခန်းထဲအရင်ဝင်နားရအောင်။"
ညဥ့်ဦးယံသည် ကြွေရုပ်၏လက်ဖဝါးနုနုကို သူ့ရဲ့လက်ဖဝါးကျယ်ထဲဆုပ်ထွေး၍ အပေါ်ထပ်ရှိသူတို့အခန်းဆီသို့သာ တက်လာခဲ့၏။ တည်တံ့လွှာသည် သူ့အားလစ်လျူရှူ့ထားခဲ့သော ညဥ့်ဦးယံကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ယောက်ျားတယောက်အတွက်နဲ့ သူ(မ)လိုအလှဘုရင်မအား မတူမတန်သကဲ့သို့ဆက်ဆံခံရပါများတော့ သူ(မ)၏သီးခံနိုင်မှု့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
"Baby အဲ့ဒီဖုန်းပဲကြည့်နေတော့မှာလား။ ဒီကမင်းရဲ့ယောက်ျားရှိနေသေးတယ်ဆိုတာလည်း သတိရပါဦးကွာ။"
ကုတင်ပေါ်တွင် ခေါင်းဦးကိုကျောမှီထိုင်ကာ ညဥ့်ဝယ်ပေးထားတဲ့ဖုန်းနဲ့ငြိမ်ချက်သားကောင်းနေသော ကလေးပိစိအား ညဥ့်ပြောလိုက်သော်လည်း အကောင်ပေါက်လေးရဲ့အကြည့်တွေက ညဥ့်ဆီကိုရောက်မလာ။
YOU ARE READING
အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အေယာင္ေဆာင္သတို႔သ (Boy Love) Z+U
Romance#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ bl fic💗 January 15 . Sat . 2022