🍎Ep 4🍎z+u

22.1K 1.3K 37
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (Boy Love)

Ep 4

Yan groupထဲသို့ Bugatti Centodieci အနက်ရောင်လေး အရှိန်အသင့်တင့်ဖြင့်ဝင်ရောက်လာ၏။

"မိုးထက် ငါ့အိမ်မှာစက်လှေကားတပ်ချင်တယ် မင်းတာဝန်ယူလိုက်!"

ညဥ့်ဦးယံသည် ကားရပ်သွားသည်နှင့် ကားပေါ်ကဆင်းပြီး မိုးထက်ကိုပြောခြင်းဖြစ်သည်။ ထို့နောက် သူတို့ရဲ့ခြေလှမ်းတွေဟာ ကုမ္ပဏီထဲသို့လျှောက်လှမ်းလာ၏။ ဝန်ထမ်းတွေက ဦးညွှတ်အရိုပြုတာကို ညဥ့်ဦးယံသည် ခေါင်းငြိမ့်ပြလျှက်အသိမှတ်ပြုလိုက်သည်။ သူနဲ့မိုးထက်လည်း အစည်းဝေးခန်းသို့သွားရာလမ်းတစ်လျှောက်စကားပြောနေမြဲဖြစ်သည်။

"Boss ခိုင်းတဲ့အတိုင်းဆောင်ရွက်လိုက်ပါ့မယ်.. ဒို့bossက အိမ်တော်မှာ စက်လှေကားတပ်မယ်ဆိုတော့ သခင်မကြောင့်လား"

မိုးထက်က ညဥ့်ဦးယံ၏ အားအကိုးရဆုံးသက်တော်စောင့်မို့ မိသားစုကဲ့သို့ရင်းနှီးကာ ညီအစ်ကိုရင်းကဲ့သို့ပြောဆိုဆက်ဆံသည်။ မိုးထက်ပြောလိုက်တော့ ညဥ့်ဦးယံသည် သူ၏မူပိုင်ပါးချိုင့်တွေပေါ်သည်အထိ ခပ်ရေးရေးပြုံးလိုက်ပြီး...

"အင်း။မင့်သခင်မက နုနုယွယွလေးဆိုတော့ များပြားလွန်းတဲ့လှေကားထစ်တွေကိုအတက်အဆင်းလုပ်ဖို့ဆိုတာ သူ(မ)လေးပင်ပန်းရှာမပေါ့။ ငါ့ကိုတောင်းဆိုပုံက သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်"

"Bossလဲ သခင်မနဲ့လက်ထပ်လိုက်မှပိုပြီးစိတ်ချမ်းသာနေပုံပဲ။ အရင်ကထက်အပြုံးအရယ်များလာတယ်။"

"အဟား! ဒါကတော့အဟုတ်ပဲ။ လွှာက ဦးတည်တံ့နဲ့ဒေါ်ဝတ်လွှာရဲ့သမီးသာဆိုတယ် အကျင့်တွေတော့ကွာခြားလွန်းတယ်။ သူ(မ)လေးက သိမ်သိမ်မွေ့မွေ့နဲ့ လင်ယောက်ျားဖြစ်တဲ့ငါ့အပေါ်မှာလည်း အလိုက်သိလွန်းတယ်။ ငါစိတ်ချမ်းသာနေတယ်ဆိုတာ မင်းပြောတာအမှန်ပဲ အဟွန်း"

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UWhere stories live. Discover now