Uni
အယောင်ဆောင်သတို့သမီး
(သို့မဟုတ်)
ဦးရဲ့ကြွေရုပ် (Boy Love)
Ep 15
"ဦးယံအပေါ်မှာ ကြွေရုပ် အခုလိုလိမ်ညာထားလိမ့်မယ်လို့ တည်မထင်မထားခဲ့ဘူး။"
တည်တံ့လွှာ၏စကားကြောင့် အပေါ်ထပ်သို့တက်ရန်အတွက် စက်လှေကားပေါ်သို့ခြေတဖက်တင်ရန်ပြင်နေသော ညဥ့်ဦးယံ၏ခြေလှမ်းဟာရပ်တန့်သွားပြီး တည်တံ့လွှာဘက်သို့ အသက်မဲ့သည့်မျက်လုံးများဖြင့်ကြည့်ပြီး အေးစက်စက်ပြောလိုက်သည်။
"အရုပ်နဲ့ပတ်သတ်လို့မင်းမှာအဲ့လိုပြောခွင့်မရှိဘူးတည်တံ့လွှာ!"
တည်တံ့လွှာသည် ညဥ့်ဦးယံ၏အပြောကြောင့် မျက်နှာပျက်ယွင်းသွားသည်။ ထို့နောက် သူ(မ)၏ နုတ်ခမ်းထက်တွင် မဲ့ပြုံးပြုံးလျှက် လက်ပိုက်ကာ ညဥ့်အားမှုန်တေတေဖြင့်ကြည့်၏။
"ဦးယံက ကိုယ့်အပေါ်သစ္စာမရှိတဲ့သူအတွက် ကာကွယ်ပေးနေသေးတာလား။"
"အရုပ်ငါ့အပေါ်မှာဘယ်လိုပဲသစ္စာမဲ့တယ်ဆိုဦးတော့ ငါ့ယောက်ျားအကြောင်းကို တစ်ကုတင်တည်းအတူအိပ်နေတဲ့ငါ့ထက်မင်းကပိုသိနေလို့လား။"
"ဒါဆိုဘာလို့ကြွေရုပ်ကိုထည့်ပေးလိုက်သေးလဲ။ တကယ်လည်းသူ့မှာကာမပိုင်ယောက်ျားရှိတာမှန်နေလို့မလား။"
"အေး ကြွေရုပ်မှာကာမပိုင်လင်ယောက်ျားရှိတယ်ဆိုရင်တောင် အဲ့ဒီလူဟာငါပဲဖြစ်ရမယ်။ အဟား! ဒီစာချုပ်အတုနဲ့ငါ့ကိုလိမ်လို့ရမယ်ထင်နေလား။ မင်းအကြံဒါအကုန်ပဲလား တည်တံ့လွှာ!။"
ညဥ့်ဦးယံသည် ပြောရင်းဖြင့်ပင်တည်တံ့လွှာ၏ မျက်နှာအား သူ့လက်ထဲတွင်ကိုင်ထားသော လက်ထပ်စာချုပ်စာရွက်နှစ်ရွက်ဖြင့်ပစ်ပေါက်လိုက်သည်။ ထိုစာရွက်တွေဟာ တည်တံ့လွှာ၏မျက်နှာမှတဆင့် ကြမ်းပြင်ပေါ်သို့မြေခသွားပြီး ညဥ့်ဦးယံ၏စကားအဆုံးတွင်တည်တံ့လွှာ၏မျက်လုံးများအဆမတန်ပြူးကျယ်သွားသည်။
YOU ARE READING
အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အေယာင္ေဆာင္သတို႔သ (Boy Love) Z+U
Romance#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ bl fic💗 January 15 . Sat . 2022