Uni
အယောင်ဆောင်သတို့သမီး
(သို့မဟုတ်)
ဦးရဲ့ကြွေရုပ် (Boy Love)
Ep 14
ပေါင်ရင်းအထိသာရှိသော ကြိုးတလုံးdressလေးနှင့် လည်သာဒေါက်ဖိနပ်အရှည်ကိုစီးကာ ခြေလှမ်းတွေကိုကြွကြွရွရွလျှောက်၍ shopping ထွက်လာသော တည်တံလွှာ။ သူ(မ)၏လက်တဖက်တွင် brandပိုက်ဆံအိတ်တလုံးကိုင်လျှက် ကျန်လက်တဖက်ကလည်း အနက်ရောင်မျက်မှန်ကို ဆံပင်ပေါ်သို့ထိုးစိုက်ထားသည်။ ဈေးဝယ်စင်တာထဲသို့ သူ(မ)ဝင်လိုက်သည်နှင့် ပုရိသယောက်ျားတို့၏အကြည့်အားလုံးစုံရာသည် တည်တံ့လွှာထံတွင်သာဖြစ်သည်။
"ဒါတွေအားလုံးအစ်မယူမယ်နော်။"
"ဟုတ်ကဲ့။"
"အသစ်ထွက်သမျှဖိနပ်brandsတွေလည်းတခါတည်းထည့်ပေးနော်။"
"ဟုတ်ကဲ့ပါရှင့်။"
တည်တံ့လွှာသည် ကြွေရုပ်၏အမွေဖြစ်သောရွှေတစ်ဆင်ဆာကိုထုခွဲရောင်းချကာ ရသမျှငွေအားလုံးနှင့် စည်းစိမ်ရစ်နေသည်။ တပါးသူပိုင်သောအရာနှင့်မမှန်မကန်ပျော်မွေ့နေသူအဖို့ အဆုံးသတ်သည်လှပနိုင်မည်လား။
"အိုးး မတွေ့ရတာကြာပြီနော်ဇနီးဟောင်းလေး။"
တည်တံ့လွှာတယောက် စကားသံနှင့်အတူသူ(မ)သွားရာလမ်းရှေ့တွင်ပိတ်၍ရပ်လိုက်သော ကိုလူပျိုကိုမြင်သည့်အခါ သူ(မ)၏မျက်ဝန်းတွေဝိုင်းစက်သွားလေသည်။ ဘယ်လိုတောင်တိုက်ဆိုင်လွန်းလိုက်တဲ့ကံကြမ္မာလဲ။
"ကျွန်မသွားမယ့်လမ်းအရှေ့ကဖယ်ပါ ကိုလူပျို။"
တည်တ့ံလွှာသည် ကိုလူပျိုအားစက်စုတ်ရွံရှာသလိုကြည်ကာ လေသံမာမာဖြင့်ပြော၍ ကိုလူပျို၏ဘေးမှထွက်သွားရန်ပြင်တော့ ကိုလူပျိုသည် တည်တံလွှာ၏လက်တစ်ဖက်ကို သူ့လက်တဖက်ဖြင့်လျှင်ြမန်စွာဖမ်းဆုပ်လိုက်သည်။
"နေပါဦးတည်ရယ်။ ကိုယ်မင်းနဲ့အေးအေးဆေးဆေးစကားပြောချင်တယ်။"
"ကျွန်မနဲ့ရှင့်ရဲ့ကြားမှာပြောစရာဘာစကားမှမရှိဘူးထင်တယ်။ ကျွန်မလက်ကိုလွှတ်ပါ ကိုလူပျို။ ဒီနေရာဟာ အများသူငှာသွားလာနေတဲ့နေရာမလို့ ရှင်ရိုင်းစိုင်းနဲ့အပြုမူမျိုးမလုပ်ပါနဲ့။"
ESTÁS LEYENDO
အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အေယာင္ေဆာင္သတို႔သ (Boy Love) Z+U
Romance#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ bl fic💗 January 15 . Sat . 2022