🍎Ep 7🍎z+u

22.8K 1.4K 96
                                    

Uni

အယောင်ဆောင်သတို့သမီး

(သို့မဟုတ်)

ဦးရဲ့ကြွေရုပ် (Boy Love)

Ep 7

"ဦးညဥ့်ဦးယံ လက်ထပ်ထားတဲ့သူက ယောက်ျားလေးတစ်ယောက်ပါလို့ပြောရင် ရှင်ယုံမလား"

တည်တံ့လွှာ၏အပြောကြောင့် ညဥ့်ဦးယံမျက်မှောင်ကြုတ်မိသည်။ ထို့နောက် မယုံနိုင်ခြင်းများစွာဖြင့် သူ့နံဘေးတွင်မတ်တပ်ရပ်နေသော ဇနီးလေးကိုကြည့်မိတော့ အကြောင်းမဲ့စွာကြမ်းပြင်ကို ခေါင်းငုံ့ကြည့်နေပြီး လက်ချောင်းတွေကိုအချင်းချင်းပွတ်ချေကာ ခန္ဓာကိုယ်လေးဟာ တသိမ့်သိမ့်တုန်နေလေသည်။ ဘာမှပြန်ဖြေခြင်းမရှိပဲ တိတ်ဆိတ်နေတဲ့ဇနီးလေးကြောင့် တကယ်ပဲသူ(မ)ပြောတာမှန်နေမလား။

"မင်းဘာတွေလာပြောနေတာလဲ။ ဘာကိစ္စနဲ့ကျုပ်ရဲ့ဇနီးကယောက်ျားလေးဖြစ်ရမှာလဲ။ မင်းအခုလိုမျိုးကျုပ်ဇနီးကိုမဟုတ်မမှန်တာတွေ ဆက်ပြီးပြောနေမယ်ဆိုရင် ကျုပ်ငြိမ်ခံနေမှာမဟုတ်ဖူး။"

"အဟင်း ဟင်း... ဦးညဥ့်ဦးယံက ကျွန်မပြောတာကိုမယုံကြည်ဘူးပဲ။ တကယ်တော့ ရှင်နဲ့လက်ထပ်ရမယ့်သတို့သမီးအစစ်ကကျွန်မပဲ ဦးညဥ့်ဦးယံ။ ကျွန်မကသာလျှင်တည်တံ့လွှာအစစ်ပါ။"

ညဥ့်ဦးယံသည် တည်တံ့လွှာ၏စကားကြောင့် အံ့ဩမှု့အဟုန်ဖြင့် မျက်လုံးများဝိုင်းစက်သွားရသည်။

"မင်း... မင်းအခုဘာပြောလိုက်တယ်!"

"ကျွန်မဘာတွေပြောနေတာလဲဆိုတော​့ အမှန်တရားကိုပြောနေတာလေ။ အခုရှင်နဲ့လက်ထပ်ထားတဲ့လူက ကျွန်မနေရာမှာအစားဝင်ထားတဲ့ ကြွေရုပ်လွှာပဲ။ ပြီးတော့ ကြွေရုပ်လွှာဆိုတာကလည်း ရှင်နဲ့မျိုးတူယောက်ျားစစ်စစ်တစ်ယောက်ဆိုတာ ရှင့်ဘေးမှာရပ်နေတဲ့လူကိုမေးကြည့်ရင်တိကျတဲ့အဖြေတော့ရှင်ရမှာပါ။"

"ကလေး သူ​ပြောတာအမှန်တွေပဲလား။"

ငြင်းလိုက်စမ်းပါကလေးရယ်။ မင်းနုတ်ကထွက်သမျှစကားအားလုံးကို ကိုယ်ယုံကြည်ပေးမှာမလို့ မင်းဟာယောက်ျားတစ်ယောက်မဟုတ်ဖူးဆိုတဲ့အမှန်တရားကို ဒီမိန်းမသိသွားအောင် ပြောလိုက်စမ်းပါ။

အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အယောင်ဆောင်သတို့သ (Boy Love) Z+UHikayelerin yaşadığı yer. Şimdi keşfedin