Uni
အယောင်ဆောင်သတို့သမီး
(သို့မဟုတ်)
ဦးရဲ့ကြွေရုပ် (Boy Love)
Ep 1
"အဖေကြီးရေ ပြဿနာတော့တက်ပါပြီတော်!!"
ဝမ်းခေါင်းအသံပါသည်အထိ ထိတ်လန့်ဖွယ် အသံဖြင့်အော်ဟစ်ရင်း အပေါ်ထပ်မှပြေးဆင်းလာသော ဒေါ်ဝတ်လွှာကြောင့် ဧည့်ခန်းထဲမှာသတင်းစာထိုင်ဖတ်နေသော ဦးတည်တံ့၏ အာရုံသည် ဇနီးလုပ်သူထံသို့ရောက်ရှိသွား၏။
"အလန့်တကြားနဲ့ဘာဖြစ်လာတာလဲလွှာ"
"ဒီ.. ဒီမှာကြည့်ပါဦးရှင်။ ကျွန်မတို့တော့ကိုယ်ကျိုးနည်းပါပြီ။ အဟင့်!"
ဦးတည်တံ့မေးလိုက်သောအခါ ဒေါ်ဝတ်လွှာက သူ(မ)၏လက်ထဲတွင်ကိုင်လာသောစာရွက်အဖြူတစ်ရွက်ကို ခင်ပွန်းလုပ်သူထံကမ်းပေးလိုက်သည်။ သူ(မ)လက်တွေကလည်းတဆတ်ဆတ်တုန်ယင်လျက်။ ဦးတည်တံ့လည်း ဖတ်လက်စသတင်းစာအား စားပွဲပေါ်ပြန်တင်၍ ဇနီးလုပ်သူကမ်းပေးသော စာရွက်အားယူ၍ ထိုစာရွက်ထဲတွင်ရေးထားသောအကြောင်းအရာကိုဖတ်ကြည့်လိုက်သည့်အခါတွင်..
*ဖေဖေနဲ့မေမေကို သမီးတောင်းပန်ပါတယ်...။
သမီး.. ဖေဖေ တို့လက်ထပ်ခိုင်းတဲ့လူကို...
မယူနိုင်လို့ သမီးချစ်သူနဲ့ခိုးရာလိုက်သွားပါပြီ။
သမီးကိုခွင့်လွှတ်ပါ... ။ သမီးမိုက်.. တည်တံ့လွှာ...။*
ဦးတည်တံ့သည် စာကိုဖတ်ပြီးသည်နှင့် သူ၏နားထင်အား လက်မနှင့်လက်ညှိုးသုံး၍ဖြစ်ညှစ်ဖိနှိပ်လိုက်မိသည်။ သူ၏ စိတ်ထဲတွင်လည်း သမီးဖြစ်သူအား လုပ်ရက်လေခြင်းဟု ယူကျိုးမရဖြစ်နေဟန်...
"တောက်္! မိုက်မဲလိုက်တဲ့ခွေးသမီး!"
ဒေါသတွေသာကြီးစိုးနေသည်မို့ စကားအသွားအလာသည် ဘာပြောလို့ ဘယ်လိုသဘောသက်ရောက်စေနိုင်လည်း သူမသိတော့။ တစ်ဦးတည်းသောသမီးလေးမို့ အလိုလိုက်ထားကာမှ မိဘရင်ကိုခြေစုန်ကန်လို့ ယောင်းမမြင်းစီးထွက်သကဲ့သို့ပင်။ ထိုအခြေနေနဲ့ပြီးသေးသည်မဟုတ်။ အရင်ပုံစံအတိုင်းသာဆို သမီးလင်နောက်လိုက်သည့်ကိစ္စသည် ယခုလိုသွေးပျက်ခြောက်ခြားစရာမဟုတ်သော်လည်း ယခုမူ သူတို့လင်မယားတွင် အပူမီးကြီးစတင်လောင်မြိုက်မည့်ပြဿနာအိုးကြီးတခုအားတွေးမိလျှင် သွေးတိုးချင်လာသလိုပင်။ တော်တော်ဒုက္ခပေးတဲ့သမီးမိုက်။
أنت تقرأ
အယောင်ဆောင်သတို့သမီး(သို့မဟုတ်) ဦးရဲ့ကြွေရုပ် / အေယာင္ေဆာင္သတို႔သ (Boy Love) Z+U
عاطفية#ညဥ့်ဦးယံ (seme) #ကြေွရုပ်လွှာ (uke) Normal fic မဟုတ်ပါ။ bl fic💗 January 15 . Sat . 2022 #ညဥ့္ဦးယံ (seme) #ေႂကြ႐ုပ္လႊာ (uke) Normal fic မဟုတ္ပါ။ bl fic💗 January 15 . Sat . 2022