တိတ်ဆိတ်နေတဲ့ အိမ်လေးထဲ ခြေလှမ်းပြီးတာနဲ့ အိပ်ခန်းတံခါးဝကို အသာ လှပ်ကြည့်မိတယ်။ အိပ်ရာပေါ် ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ ကောင်လေးကို မြင်ရတော့ သူ သက်ပြင်းဖွဖွ ချရတယ်။
ဝယ်လာတဲ့စားစရာတွေကို ပြင်ဆင်ပြီးမှ ကောင်လေးကို နှိုးဖို့ တွေးကာ မီးဖိုချောင်ကို ဝင်တော့ ဟင်းတွေ ထမင်းတွေ ချက်ထားတာကို တွေ့ရတဲ့အခါ သူထပ်မံ သက်ပြင်းချရပြန်တယ်။
"ဗိုက်ဆာနေပြီလား"
သူ့နောက်ကျောက အသံကြောင့် ဟင်းအိုးအဖုံးကိုင်လက်စနဲ့ သူ လှည့်ကြည့်မိတော့ အိပ်ရာက နိုးလာတဲ့ ဖြူဖတ်ဖြူရော် ကောင်လေးက ပြုံးပြနေတယ်။
သူ ဟင်းအိုးအဖုံးကို ခပ်ဆောင့်ဆောင့် ပြန်ဖုံးလိုက်တော့ မသိမသာ တုန်တက်သွားတဲ့ ကောင်လေးက မျက်လုံးအဝိုင်းသားနဲ့ သူ့ကို ငေးနေတယ်။
သူ ကောင်လေးဘေးက ခပ်တည်တည် ဖြတ်လျှောက်ပြီး သန့်စင်ခန်းထဲ ဝင်ဖို့ လုပ်တော့ ခပ်တိုးတိုး ခေါ်တဲ့ ကောင်လေးက။
"ကော..."
ခြေလှမ်းတွေက ရပ်တံ့သွားပြီး ခပ်စောင်းစောင်း နားစွင့်တဲ့အခါ ကောင်လေးက။
"ဘာဖြစ်လို့လဲ... ဟင်းက အဆင်မပြေလို့လား"
ထိန်းချုပ်ထားတဲ့သူ့ကို ကောင်လေးက ဆွလိုက်သလိုပဲ။
"မင်းကို မချက်နဲ့လို့ ပြောထားတယ်မလား... နေကောင်းသေးတာ မဟုတ်ပဲ... ဘာလို့ ထလုပ်နေတာလဲ... တစ်ခုခု ထပ်ဖြစ်ရင် ဒုက္ခက များဦးမယ်"
ပြောချင်ရာ ပြောပြီး ရေချိုးခန်းထဲ ဝင်ကာ တံခါးကို စောင့်ပိတ်ပစ်လိုက်တယ်။ ကောင်လေး ဘယ်လိုကျန်ခဲ့မလဲ သူ လှည့်မကြည့်တော့။
#_#_#_#
အတူနေတဲ့ လေးလအတွင်း ဒီလို ဒေါသမျိုး သူ ဦးဆုံး ကြုံဖူးတာဖြစ်လို့ ရင်ထဲ အံ့ဩ ဝမ်းနည်းမိတယ်။ မချက်ဖို့ မှာခဲ့တာ သိပေမဲ့ ဒီရက်ပိုင်း သူ့ကြောင့် ပင်ပန်းထားရတဲ့ ကောကို သေချာ ချက်ကျွေးချင်တဲ့ စေတနာကြောင့် ချက်ထားမိတာ၊ သူ့ကို နေမကောင်းသေးလို့ မချက်ခိုင်းတာဆိုပေမဲ့ သူ ချက်ထားရင်လည်း အရင်ကလို ပျော်ပြီး စားမယ်လို့ သူ ထင်ထားခဲ့တာ။ အခုလို တုံ့ပြန်လိမ့်မယ်တော့ လုံးဝကို တွေးမထားမိခဲ့ဘူး။
YOU ARE READING
Unforgettable Fond
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️