13

123 20 16
                                    

ည ရှစ်နာရီခွဲလို့ ဆိုင်ပိတ်သိမ်းချိန်ရောက်တော့ ဝန်ထမ်းတွေလည်း အလျိုလျို ပြန်ကုန်ပြီ။ တစ်နေကုန် အနားမကပ်နိုင်လို့ လွမ်းနေရတဲ့ ချစ်သူလေးက kitchen ထဲ ထွက်မလာသေးဘူး။ ဘာတွေများ လုပ်နေသလဲ မသိ။

နောက်ဆုံး ကျန်တဲ့ ဝန်ထမ်းတစ်ယောက်ပါ ပြန်သွားပြီးဆိုတာ သေချာမှ Kitchen ထဲက ထွက်မလာနိုင်သေးတဲ့ ချစ်သူလေးကို တွေ့ဖို့ အပြေးတပိုင်း ဝင်သွားလိုက်တော့တယ်။

မီးဖိုတစ်လုံးရှေ့ အလုပ်ရှုပ်နေဆဲ ကောင်လေးက သူဝင်လာတာကိုတောင် သတိမထားသေးတာကြောင့် နောက်ကျောကနေ အသာသွားပြီး ဗိုက်သားတွေကို ပွေ့ဖက်လိုက်တယ်။

"ဘာတွေ လုပ်နေတာလဲ... သူများတွေ အလုပ်ဆင်းနေပြီ"

ပြန်လှည့်မကြည့်လည်း သူမှန်း သိနေတဲ့ ကောင်လေးက ခဏတာ ရပ်တံ့သွားတဲ့ လုပ်လက်စတွေကို ဆက်လုပ်ရင်း။

"ပြီးတော့မှာပါ... ခဏနေ... ကောနဲ့ စားဖို့ ကြက်သား ပေါင်းနေတာ"

"ဝိုးးး... ဘာလို့လဲ.... ကိုယ့်ကို အားရှိအောင်လား..."

နား,နားကပ်ကာ လေတိုးသံ ခပ်တိုးတိုးနဲ့ ပြောလိုက်တော့ တဟိဟိ ရယ်တဲ့ ကောင်လေးက။

"ဘာလဲ... ကောက ကြက်သားပေါင်းမှ မစားရင်... အားမရှိတော့ဘူးလား... ဒါဆိုလည်း ကျွန်တော်ပဲ..."

"မရဘူး... "

ပြောပြောဆိုဆိုနဲ့ ကောင်လေးကို မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ပြီး နဖူးချင်း ထိဆိုင်လိုက်တယ်။

"ဒီတစ်ခါတော့... ကိုယ်ပဲ..."

"ပဲ" တစ်လုံးကို သံ‌ရှည်ဆွဲ ပြောရင်း ချစ်သူရဲ့ နှုတ်ခမ်းခမ်းဖူးလေးကို ထိစပ်ဖို့ ကြိုးစားတော့။

"ခဏလေး...!"

အသံလာရာကို ကြည့်မိပြန်တော့  ရိက္ခာသိုလှောင်ခန်းဝမှာ ရှိနေတဲ့ Ahwei အားနာဟန်နဲ့ ပြုံးပြ‌နေတယ်။

"ခဏလေး... ကျွန်တော် ပြန်လိုက်ပါဦးမယ်... ခဏ..."

ပြောပြောဆိုဆိုနဲ့ Ahwei တစ်ယောက် Kitchen ထဲက ထွက်ပြေးသွားတော့ သူ့နဖူးသာ သူ ပွတ်လိုက်မိတော့တယ်။ တိုးပြန်ပြီ။ ဒီတစ်ခါ ပိုရှက်မိတာက ပေါက်ကရတွေပါ ပြောနေမိတာကြောင့်။ Ahwei ဘယ်လောက်ထိ ကြားသွားပြီလဲ။

Unforgettable FondWhere stories live. Discover now