Lin ZiHong စကားကြောင့် သူ့မှာ တစ်နေကုန် တနုံ့နုံ့။
Lin ZiHong က တော်တော် ဆိုးတဲ့သူ။ တကယ်ဆို ညက ကိစ္စက မူးနေလို့ ပိုသွေးဆူတာလည်း မှန်ပေမဲ့ မှားတာတော့ မဟုတ်ပါဘူး။ ထိန်းချုပ်ခဲ့ရတဲ့ အလွမ်းတွေက တာကျိုးကုန်လို့ ဖြစ်ရတာ။ ဒါပေမဲ့ ဆေးနဲ့ ဆန်ပြုတ် လာပို့တဲ့သူရဲ့ မျက်နှာကိုမှ မထောက် Aiwei Aiwei တနေလို့ အမြင်ကတ်ကတ်နဲ့ အမှားလို့ ပြောလိုက်မိတယ်။ ဒါကို ဒီလူ စွပ်စွဲသွားပုံက တစ်နေကုန် နားထဲက မထွက်နိုင်အောင် လူကို ဒုက္ခပေးနေတယ်။
ဒီ့အပြင် ခဏနေ လာမယ်ပြောတဲ့ Lin ZiHong က Aiwei အစ်မလင်မယား လာခါနီး ခဏသာ ထွက်လာဧည့်ခံပြီး ပြန်ဝင်သွားတာ အခု ဆိုင်ပိတ်တဲ့အထိပဲ။ ပုံမှန်လို သူ့ရုံးခန်းလာပြီး တစ်နေ့တာ report တွေ တင်ပြရမဲ့အချိန်မှာလည်း Lin ZiHong ရောက်မလာခဲ့ဘူး။
နောက်ဆုံးတော့ မနေနိုင်တဲ့ သူကပဲ Lin ZiHong အခန်းရှေ့ နောက်တစ်ကြိမ်ရောက်ရပြန်တယ်။ နေ့ချင်းညချင်း Lin ZiHong က စိတ်ဆိုးပြီး သူက ချော့ရမယ့်သူ ဖြစ်သွားရသလို ခံစားနေရတယ်။
"ဒေါက်... ဒေါက်..."
"ဘာလဲ..."
တံခါးဖွင့်တာနဲ့ Lin ZiHong ဆီးပြီးမေးတော့ သူ ဘာမှမပြောသေးပဲ အခန်းထဲ တိုးဝင်လိုက်တယ်။
အခန်းထဲ ဇွတ်ဝင်လာတဲ့ သူ့ကို Lin ZiHong ကြည့်နေတော့ နီးစပ်ရာ စားပွဲပေါ် ဆန်ပြုတ်ဘူးကို တင်လိုက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
"ထိုင်ဦးမယ်... ဖြစ်တယ်မလား"
Lin ZiHong ဘာမှ မဖြေပေမဲ့ အခန်းတံခါးပိတ်ပြီး သူနဲ့ မျက်နှာချင်းဆိုင် လာထိုင်တယ်။
#_#_#_#
အခန်းထဲ ဇိုးခနဲ ဇတ်ခနဲ ဝင်ထိုင်နေတဲ့ ကောင်လေးကို သူ ထိုင်ကြည့်နေလိုက်တယ်။ ဘာပြောလာဦးမှာလဲ။
စက္ကန့်အနည်းငယ် ကုန်လွန်သွားတဲ့အထိ ကောင်လေးက ဘာမှ မပြောတာကြောင့်။
"Yang YuTeng..."
"မှားတာ မဟုတ်ဘူး..."
သူ နာမည်ခေါ်လိုက်မှ ထွက်လာတဲ့ ကောင်လေးရဲ့ စကားက တစွန်းတစ ဆန်တယ်။
YOU ARE READING
Unforgettable Fond
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️