"ငါ တောင်းပန်ပါတယ်ကွာ..."
"ဘာကိုလဲ... မင်းကလည်း..."
သူငယ်ချင်းတဖြစ်လဲ အလုပ်ရှင်ဖြစ်သူ Ray ရဲ့တောင်းပန်ခြင်းကို သူ နားမလည်နိုင်တာကြောင့် ပြန်မေးလိုက်တယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက သူ့ဟာ တက္ကသိုလ်တစ်နှစ် အောက်လိုက်တဲ့အတွက် နှစ်ကွာသွားခဲ့တဲ့ Ray က ကျောင်းအရင်ပြီး သွားခဲ့တယ်။ သူ ကျောင်းပြီးတဲ့ အချိန်မှာတော့ Ray က စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေခဲ့ပြီ။ Ray ရဲ့ စားသောက်ဆိုင် အသစ်လေးမှာ အလုပ်စဝင်ခဲ့တဲ့ သူက သုံးနှစ်ကြာပြီး လက်ရှိတော့ ဆိုင်ရဲ့ အစအဆုံးကို တာဝန်ယူပေးထားနိုင်တဲ့ Manager တစ်ယောက်ဖြစ်နေပြီ။ Ray ဆိုရင် ဒီစားသောက်ဆိုင်လေးကို လုံးဝ လှည့်မကြည့်ပဲ သူနဲ့ပဲ လွှဲထားခဲ့တာ အခု ရောင်းမထုတ်ခင်အထိပဲ။
ဆိုင်ရောင်းထုတ်လိုက်ပေမဲ့ ပိုင်ရှင်အသစ်က ဘာမှ ပြောင်းလဲခြင်းမှ ပြုလုပ်ဖို့ မတောင်းဆိုတာကြောင့် ဆိုင်ဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ်။ ဒီနေ့တော့ ပိုင်ရှင်အသစ်က ဆိုင်ကို စပြီး ရုံးတက်မယ်လို့ သိရတာကြောင့် Ray တုန်းက ခဏတဖြုတ်သာ လာထိုင်တတ်တဲ့ ဆိုင်အပေါ်ထပ်က ရုံးခန်းလေးကို ရှင်းပေးထားရသေးတယ်။ ပိုင်ရှင်အသစ်ကတော့ ပုံမှန် လာချင် လာမှာပေါ့။
ဒါပေမဲ့ မနက်စောစော ဖုန်းဆက်ပြီး အဆက်အစပ်မရှိ တောင်းပန်နေတဲ့ Ray က ဘာကို ပြောချင်နေတာလဲ။ သူ အခုထိ သဘောမပေါက်သေးဘူး။
ဖုန်းတစ်ဘက်က ထွက်လာတဲ့ Ray ရဲ့ အသံက။
"ငါ ဆိုင်ရောင်းလိုက်တာ..."
"ခဏလေး... Ray ငါ ပြန်ခေါ်လိုက်မယ်... ပိုင်ရှင်အသစ် လာနေပြီ... နောက်မှ ပြောမယ်နော်"
ဆိုင်ဝန်းထဲ ရပ်ထားတဲ့ ကားအမည်းရောင်လေးကို လှမ်းမြင်လိုက်ရတာကြောင့် Ray ကို စကားဖြတ်ပြီး ဆိုင်အပေါ်ထပ်က ဆင်းလာခဲ့တယ်။ ဦးဆုံး တွေ့ဆုံမှုကို နောက်ကျနေတယ် ဘာညာဆို မကောင်းဘူး။ အပေါ်ထပ်ကနေ ခြေလှမ်း ကြဲကြီးတွေနဲ့ အမြန်ဆင်းလာပြီး လှေကားထစ်တွေ ဆုံးသွားတာနဲ့ မြင်လိုက်ရတဲ့လူက သူ့ကို တုံ့ဆိုင်းအေးစက်သွားစေတယ်။
YOU ARE READING
Unforgettable Fond
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️