15

138 20 13
                                    

"ဘာလို့... ကျွန်တော် ပြောတာကို လက်မခံတာလဲ"

"မဟုတ်ဘူးလေ... YU... ကိုယ်တို့ တစ်သက်လုံး ရှောင်ပြေးနေလို့မှ မရတာ..."

စောစောစီးစီး မနက်ခင်းမှာ သူတို့နှစ်ယောက် ကတောက်ကဆဖြစ်နရပြီ။ အကြောင်းအရင်း လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မပြီးပြတ်နိုင်တဲ့ ကိစ္စ။ ကောက သူ့ဆီ ဆက်လာတဲ့ မေမေဖုန်းကို ယူပြောလိုက်တဲ့ ကိစ္စကို ဒီနေ့ထိ မကျေနပ်နိုင်သေးဘူး။

ဒီနေ့ မနက် အိပ်ရာ နိုးနိုးချင်းမှာ မေမေနဲ့ နှစ်‌ယောက်တည်း သွားတွေ့ဖို့ ချိန်းထားတယ်ဆိုတဲ့အကြောင်း ပြောလာတာကြောင့် ဒီစကားအငြင်းအခုံက စတင်လာရတယ်။

မတွေ့ဖို့ ပြောနေတဲ့ကြားက ဘယ်ချိန်ဆက်သွယ်ပြီး ချိန်းလိုက်မှန်း မသိတဲ့ ချစ်သူကို သူ စိတ်ပေါက်ပေါက်နဲ့သာ ငေးကြည့်နေမိတယ်။

"ကျွန်တော်ပါ လိုက်ခဲ့မယ်..."

နဖူးကို ပွတ်ပြီး စုပ်တစ်ချက်သပ်တဲ့ ချစ်သူက။

"YU... ကိုယ့်ကို ယုံပါ... ကိုယ့်ကို ဖြေရှင်းခွင့်ပေးပါ"

သူ ချစ်သူကို မယုံလို့ဆိုတာထက် ကံကြမ္မာကို မယုံတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြုံဖူးလို့ကို လန့်နေမိတာ။ ဒါပေမဲ့ မယုံလို့ တားတယ်လို့သာ ထင်နေတဲ့ ကောကို သူဘယ်လို ရှင်းပြရမလဲ။ မသိတော့ဘူး။

မျက်စိရှေ့က ချစ်သူကို တင်းကြပ်စွာ ပွေ့ဖက်ရင်းသာ။

"ကောကို မယုံတာ မဟုတ်ပါဘူး... ကျွန်တော် ကြောက်လို့..."

"ဘာကို ကြောက်တာလဲ... ကိုယ် မင်းကို ထားခဲ့မှာကိုလား..."

"မဟုတ်ဘူး... တစ်ခုခု လွှဲချော်သွားမှာကို..."

သူ့ကို ပိုမို တိုးဖက်လာတဲ့ ချစ်သူက လေသံ ခပ်အေးအေးနဲ့ ချော့မော့ပြောပြန်တယ်။

"ယုံပါကွာ... ဘာမှမဖြစ်စေရပါဘူး"

#_#_#_#

ခမ်းနားတဲ့ စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းမှာ ငြိမ်ငြိမ်လေး ထိုင်နေရုံနဲ့တင် အရှိန်အဝါရှိတဲ့ ချစ်သူလေးရဲ့ မိခင်ဖြစ်သူနဲ့ ဒုတိယ အကြိမ်မြောက် မျက်နှာချင်းဆိုင် တွေ့ရပြန်တယ်။

Unforgettable FondDonde viven las historias. Descúbrelo ahora