12

127 18 12
                                    

ဆန်ပြုတ်တစ်ဘူးကို ကုန်အောင် မနည်းချော့မော့တိုက်ပြီးတဲ့နောက်တော့ သူတို့နှစ်ယောက် ခြံထဲ လမ်းဆင်းလျှောက်ကြတယ်။ သူ့ ချစ်သူက ဆန်ပြုတ် ဒီလောက်မကြိုက်တာ သူ အခုမှ သိရတယ်။ ဟိုးအရင် သူ အစာအိမ်မကောင်း ဖြစ်ခဲ့တုန်းက Lin ZiHong သူနဲ့တူတူ နေ့တိုင်းနီးပါး ဘယ်လိုများ ဆန်ပြုတ်တွေ လိုက်သောက်ခဲ့တာလဲ။

ဒီလို တွေးမိတော့ အချစ် ပိုလာတော့တာကြောင့် သူ့ကို အနောက်က သိုင်းဖက်ထားတဲ့ ချစ်သူရဲ့ပါးကို လှည့်ကာ နမ်းမိတော့တယ်။

ထိုအခါက ပြုံးပြတဲ့ ချစ်သူက သူ့ရဲ့ မမှီ မှီရာ နားထင်စပ်ကို ရွှတ်ခနဲ ပြန်နမ်းရင်း။

"ကိုယ်လေ... နေ့တိုင်း ဒီကောင်းကင်ကြီးကို ငေးရင်း မင်းကို လွမ်းနေကြ... ဒီနေ့တော့ မင်းနဲ့တူတူ ဒီကောင်းကင်ကြီးကို ငေးခွင့်ရပြီ"

ချစ်သူရဲ့ စကားကြောင့် သူပြုံးလိုက်တယ်။ ဟုတ်တယ်။ ဒီဆိုင်ကို ရောက်ကတည်းက ချစ်သူစုံတွဲဧည့်သည်တွေကို တွေ့တိုင်း သူအားကျရတယ်။ သူလည်း ချစ်သူနဲ့ အတူ ဒီနေရာကနေ မြင်ရတဲ့ ညကောင်းကင်သာမက ‌နေဝင်ချိန် နေထွက်ချိန် ရူခင်းတိုင်းကို တူတူငေးရင် ခံစားချင်တယ်။ အခုတော့ ဒီဆန္ဒဟာ စတင်ပြည့်ဝခဲ့ပြီ။ မနက်ဖြန်နေ့ရက်တိုင်းမှာ အတူတူရှိနိုင်ပြီ။

ဒါပေမဲ့ ချစ်သူကို သူ စကားကုန်အောင်တော့ ပြောရဦးမယ်။

"ကျွန်တော်‌ တစ်ခုတော့ ပြောဦးမယ်..."

"အွင်း... ပြောလေ"

"ခင်ဗျားကို ခွင့်လွှတ်ပြီးသားမို့ ပြန်မပြောချင်ပေမဲ့... အဲ့တုန်းက ကျွန်တော် တကယ်ကို ခံစားခဲ့ရတာ"

သူ့ စကားဆုံးတော့ သက်ပြင်းလေး ခပ်ဖွဖွ ချတဲ့ ချစ်သူက။

"အွင်းပါ... ကိုယ် တောင်းပန်ပါတယ်"

ထိုအခါ သူ အားမရစွာ ချစ်သူနဲ့မျက်လုံးချင်းဆိုင်ဖြစ်အောင် လှည့်လိုက်တော့သည်။ သူ့ ဆိုလိုရင်းက တောင်းပန်ခြင်း မဟုတ်။

"မဟုတ်ဘူး... ကျွန်တော် ပြောချင်တာက... ထပ်ပြီး အဲ့လိုတွေ တစ်ယောက်တည်း မဆုံးဖြတ်ပါနဲ့... တစ်ခုခုဆို ကျွန်တော့်ကို ပြောပြပါ... တိုင်ပင်ပါ... ဘာမှအရေးမပါတဲ့ လူတစ်ယောက်လို... ကျွန်တော့်ကို မသတ်မှတ်ပါနဲ့..."

Unforgettable FondWhere stories live. Discover now