"သေချာကို လှီးနေတော့တာပဲ... ဒီတိုင်း အတုံးလေးတွေ ဖြစ်အောင် လှီးလိုက်ရင် ရတာပဲ"
အာလူးကို တဂွပ်ဂွပ် သေချာလှီးနေတဲ့ ချစ်သူလေးရဲ့ အနောက်ဘက်ကနေ တိုးကပ်ပြီး မေးတော့ သူ့ကို ပြုံးပြီး ခေါင်းတခါခါ ကြည့်လာတဲ့ ချစ်သူလေးက။
"ဟွင့်အင်း... လှလှလေး လှီးမှာ... ကောအတွက် ချက်ပေးမယ့် ဟင်းတစ်ခွက်ကို အကောင်းဆုံးပဲ ဖြစ်စေချင်တယ်"
ချစ်စရာကောင်းအောင် ခွန်းတုံ့ပြန်နေတော့လည်း သူမနေနိုင်တော့ နှုတ်ခမ်းရဲလေးကို အမိအရ ဆွဲနမ်းမိတော့တယ်။ အနမ်းဟာ စက္ကန့်ပိုင်းလောက် ကြာပြီးတဲ့အခါ အသာပြန်ခွာသွားတဲ့ ချစ်သူလေးက။
"ဆက်လှီးလိုက်ဦး... တော်ကြာ... ညနေစာ ငတ်နေဦးမယ်...ဟီး..."
"အွင်း... လှီး လှီး... ဒီလို ဖက်ထားလို့ ရတယ်မလား"
ခေါင်းညိတ်ပြပြီး လှီးလက်စ အာလူးကို ဆက်လှီးနေတဲ့ ကောင်လေးကို သူနောက်ကျောကနေ ပွေ့ဖက်ထားလိုက်ပြီး ဖောင်းမို့ပါးပြင်လေးကို နစ်ဝင်အောင် နမ်းရှိုက်လိုက်တယ်။
ဒီကောင်လေးကို သူ သိပ်ချစ်ခဲ့ဖူးတယ်။
#_#_#_#
အပြင်ဝိုင်းက အခေါ်ပါးတဲ့ မန်နေဂျာနဲ့ စကားပြောချင်တယ်ဆိုတဲ့ စကားကြောင့် အလိုမကျစရာများ ကြုံလို့လည်းဆိုတဲ့ ရင်တထိတ်ထိတ် အတွေးနဲ့ ဆိုင်အပြင်ကို ထွက်လာခဲ့တယ်။
အခေါ်ပါးတဲ့ ဝိုင်းကိုရောက်တော့ မြင်ရတဲ့ အမျိုးသမီးဧည့်သည်နှစ်ဦးကို သူပြုံးပြနှုတ်ဆက်လိုက်တယ်။
"ဟုတ်ကဲ့ လူကြီးမင်းတို့... ကျွန်တော်တို့ဆိုင်မှာ သုံးဆောင်ရတာ အဆင်ပြေရဲ့လား ခင်ဗျ"
"မပြေဘူး..."
ဒီစကားကြောင့် ပြောလာမဲ့ပြသာနာကို ရင်ဆိုင်ဖို့ ကြိုးစားပြုံးကာ ဆက်မေးလိုက်တယ်။
"ဟုတ်ကဲ့... ဘာများ အဆင်မပြေတာလဲ ခင်ဗျ"
ခပ်တည်တည် မျက်နှာထားနဲ့ ပြောလာတဲ့ ထိုအမျိုးသမီးက။
"ဒီဆိုင်မှာ သူငယ်ချင်းရှိလို့ လာစားတာကို... သူငယ်ချင်းက လုံးဝ မမှတ်မိဘူး"
YOU ARE READING
Unforgettable Fond
Fanfiction‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️