4

125 19 13
                                    

အိမ်နဲ့ ခပ်လှမ်းလှမ်း ဓာတ်တိုင်အောက်မှာ မှောင်ရိပ်ခိုရင်း ကောင်လေးကို လာခေါ်တဲ့ ကားပြန်အထွက်လာကို သူ စောင့်နေမိတယ်။ ညနေကတည်းက ဝင်သွားတဲ့ ကားက ညရှစ်နာရီကျော်တဲ့အထိ ထွက်မလာဘူး။ ကြည့်ရတာ ခေါင်းမာတတ်တဲ့ ကောင်လေးက နားချရခက်နေပုံပဲ။ ကောင်လေးအမေကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ခေါ်သွားဖို့ သူ ပြောပြီးသား။ သူ ကိုယ်တိုင် မျက်နှာချင်းဆိုင် ထည့်ပေးဖို့တော့ မဖြစ်နိုင်ဘူး။ အဲ့လောက်ထိတော့ အသဲလည်း မမာနိုင်ဘူး။

#_#_#_#

နောက်ဆုံးဝောာ့‌ ကောင်လေးအိမ်က ကားက ထွက်လာခဲ့ပြီ။ ကောင်လေး ပါသွားခဲ့ပြီလား။ သူဟာ အမှောင်ထဲ ရပ်နေသူမို့ ကားပေါ်က ကောင်လေး မမြင်လောက်ဘူးဆိုတဲ့ အတွေးနဲ့ မသိမသာ လှမ်းကြည့်မိတယ်။ နောက်ဆုံးအနေနဲ့ မြင်လို မြင်ညားပေါ့။ မှန်အနက်တွေ ဖုံးကာထားတဲ့ ကားအတွင်းကို တကယ်တော့ သူလည်း မမြင်ရဘူး။

သူ့ကို ဖြတ်ကျော်သွားတဲ့ ကားအနက်ဟာ မလှမ်းမကမ်းမှာ ရုတ်တရက် ရပ်တံ့သွားပြီး ကားပေါ်က ကောင်လေးဟာ အတင်းပြေးဆင်းလာတယ်။ သူ ကောင်လေးကို မြင်တာနဲ့ မျက်နှာချင်းမဆိုင်နိုင်တာကြောင့် လှည့်ထွက်ဖို့ ကြိုးစားပေမဲ့ အနားထိ ပြေးလာတဲ့ ကောင်လေးက သူ့လက်ကို အတင်းဆွဲတယ်။

သူ ကောင်လေးရဲ့ လက်ကို ခါထုတ်လိုက်တော့ ထပ် ဆွဲကိုင်ပြန်တဲ့ ကောင်လေးက။

"ကောနဲ့ စကားပြောချင်တယ်..."

"ဘာပြောမှာလဲ"

ကားပေါ်က ဆင်းပြီး လိုက်လာတဲ့ မိခင်ဖြစ်သူကြောင့် သူ့လက်ကို ဆွဲပြီး လမ်းကြိုလမ်းကြားထဲ ဝင်ပုန်းတဲ့ ကောင်လေးရဲ့နောက်ကို သူ ပျော့ညံ့စွာ ပါသွားရပြန်တယ်။ ဒါပေမဲ့ မာကျောရမယ်။ ဆုံးဖြတ်ပြီးမှတော့ ဒီထက် ပိုပြီး ပျော့ညံ့လို့ မဖြစ်တော့ဘူး။

"ဘာလဲ... ဘာပြောမှာလဲ"

သူ ခပ်မာမာ မေးလိုက်တယ်။ မျက်ရည်စတွေနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ ကောင်လေးက။

"မေမေကို ကော ခေါ်လိုက်တာလား"

ကောင်လေးရဲ့ ‌မျှော်လင့်တကြီး အကြည့်တွေကို သူ ရင်မဆိုင်နိုင်တာကြောင့် မျက်လုံး လွှဲလိုက်ပြီး။

Unforgettable FondWhere stories live. Discover now