ခြံဝန်းကျယ်ကြီးတစ်ခုရှိပန်းဉယျာဉ်ထဲတွင် ကလေးငယ်နှစ်ဦး ဆော့ကစားလျက်ရှိသည်။
လိပ်ပြာလေးတွေက ပန်းပင်တွေကြား ပျံသန်းနေကြကာ ကလေးလေးသည် လိပ်ပြာလေးကို ဖမ်းမိချင်နေပုံ။
လိပ်ပြာလေးသည် ပန်းလေးတွေပေါ်နားလိုက် ပျံသန်းလိုက်နဲ့ ကလေးလေးနဲ့ဝေးရာကို ထွက်သွားတော့မည့်ဟန်။
ကလေးလေးသည် တစ်နေကုန်လိပ်ပြာလေးတွေဖမ်းနေပေမယ့် ခုချိန်ထိတစ်ကောင်မှဖမ်းလို့မမိသေး။
ကလေးလေးသည် လိုချင်တာမရ၍ မျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်လာကာ အတူကစားနေသော ကလေးလေးကိုလှမ်းခေါ်လိုက်သည်။
"ထယ် ထယ် လာပါဦး"
"........."
"ထယ် ထယ် လို့"
"ဟင် ဘာဖြစ်လို့လဲ ကူး"
ကလေးလေးသည် ဟိုဘက်ခြံကိုချောင်းကြည့်နေရာမှ အဆိုးလေးရဲ့ ခေါ်သံကြောင့် ကြည့်မိတော့ ငိုမဲ့မဲ့ဖြစ်နေသော နှစ်ယောက်မရှိသောကျနော့ရဲ့ သူငယ်ချင်းလေး။
"လိပ်ပြာလေး လိုချင်လို့ပါဆို ဖမ်းလို့မမိဘူးကွာ အဲ့တာ ထယ်ဖမ်းပေး"
"ဟင်! ထယ်ကဖမ်းပေးရမှာလား"
ကလေးလေးသည် မျက်လုံးလေးပြူးသွားကာ သူ့ကိုယ်သူ လက်ညှိုးလေးထိုးပြကာမေးလေသည်။
"ဟုပ်တယ်လေ ထယ်မဖမ်းပေးလို့ဘယ်သူဖမ်းပေးမှာလဲ မဖမ်းပေးရင်ငိုလိုက်မှာနော်"
တကယ့်ငိုချတော့မယ့်ပုံစံလေးဖြစ်နေတာကြောင့် မဖမ်းချင်ပါဘူးလို့ အထွန့်မတက်ရဲ။
အဆိုးလေးဟာလိပ်ပြာလေးတွေကို အမြဲဖမ်းခိုင်းတတ်ပီး
ဖမ်းပေးပီးလို့ 2မိနစ်လောက်တောင်မကြာ ပြန်ပြန်လွှတ်ပေးတာမို့ ကြာတော့မဖမ်းပေးချင်တော့ပါ။ သို့ပေမယ့်လဲ လိုချင်တာမရရင် အာဗြဲကြီးနဲ့ ငိုချတတ်တဲ့ သူငယ်ချင်းလေးကြောင့် မဖမ်းချင်ပေမယ့်လဲ ဖမ်းပေးရဦးမည်။ကလေးလေးသည် အဆိုးအဆာလေးရဲ့ အကျင့်ဆိုးလေးတွေကို အမြဲသည်းခံကာ အဆိုးလေး အလိုကျ လိုက်လျောတတ်တဲ့သူ။
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....