"ငါတို့နဲ့မခင်ဘူးဆိုရင် မင်းသွားလို့မရအောင်လုပ်ထားမှာနော်"
"မင်းနဲ့ ငါနဲ့မှမသိတာ ဘာလို့ခင်ရမှာလဲ ဖယ်ပေးစမ်း"
"မဖယ်ပေးဘူး"
Jiminသည် ကူး အတွက်မုန့်သွားဝယ်ရာမှ ပြန်အလာ လမ်းမှာ လိုက်တားပီး အတင်းသူငယ်ချင်းဖြစ်ချင်လို့ပါဆိုကာ သွားမရလေအောင် လမ်းကိုပိတ်ထားေသာေကျာင်းသားကြောင့် ဘယ်လိုမှရှေ့ကို ဆက်သွားလို့မရ။
ကြာနေရင် kookတော့ ငါ့ကိုစိတ်ဆိုးနေတော့မှာပဲ။"ဖယ်စမ်းပါ"
"မဖယ်ဘူး"
ထိုကျောင်းသားပုံစံကြည့်ရတာလဲ လူဆိုးရုပ်လဲမပေါက်ပါဘူး ။တော်တော်ချောတဲ့အထဲမှာပါပါတယ်။ ရယ်လိုက်တိုင်း ကော့တက်သွားတဲ့ နှုတ်ခမ်းလေး အရမ်းကြည့်လို့ကောင်းတာပဲ။
"Park Jimin!!!"
"ဟင်! ကူး"
ထိုကျောင်းသားသည် နံရံကို လက်ထောက်ထားကာ ခန္ဓာကိုယ်ကို အနည်းငယ် ကိုယ့်ဘက်ကို ကိုင်းထားတာကြောင့် အဝေးကကြည့်ရင်တော့ တစ်မျိုးမြင်ကောင်းမြင်နိုင်ပါသည်။
"အဲ့တာ ဘာလုပ်နေတာလဲ ! မင်းကိုငါဗိုက်ဆာလို့ မုန့်သွားဝယ်ခိုင်းလိုက်တာလေ"
"ငါက ဝယ်လာပီးပြန်လာတာပဲ သူတို့က"
"No...no....ကိုယ်က မင်းကိုနှောင့်ချက်တာမဟုတ်ဘူးနော် ဒီအတိုင်းလေးခင်ချင်လို့"
ထိုကျောင်းသားရဲ့စကားအဆုံးမှာ
"သူ့က ဘယ်အနားကခင်ချင်စရာကောင်းနေလို့လဲ ဒီလောက်ရုပ်ဆိုးပီးဝတုတ်နေတာကို မင်းမို့လို့ခင်ချင်တယ်"
"Jungkook!"
"ငါပြောတာမှားလို့လား ထယ် Park Jiminကရုပ်ဆိုးလို့ ရုပ်ဆိုးတယ်ပြောတာလေ ငါပြောတာအမှားပါလို့လား "
"ရုပ်ဆိုးတိုင်းသူငယ်ချင်းမဖြစ်ရတော့ဘူးတဲ့လား အိုကေ...အိုကေ မဖြစ်စေချင်ရင်လဲမဖြစ်တော့ပါဘူး"
"လစ်လိုက်တော့!"
"ဟုတ်ပါပီဗျာ သွားခွင့်ပြုပါဦး"
"အရမ်းတွေပျော်နေတာလား Park Jimin"
"ဟင် မပျော်ပါဘူး"
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....