"ကိုယ်တို့ နည်းနည်းလောက်ချစ်ကြည့်ကြမလား"
"ဟင်"
ထွက်သွားမယ့်ဆဲဆဲခြေလှမ်းလေးတွေရပ်တန့်သွားကာ Jiminသည် jeonအားလှည့်ကြည့်လာခဲ့သည်။
"ကိုယ်တို့လေ နားလည်မှုယူပီး နည်းနည်းချင်းစီချစ်ကြည့်ကြမလား"
"မချစ်ချင်ပါဘူး"
"Jimin"
"စားစရာရှိတာစား ဘာမှနည်းနည်းချင်းစီလဲမချစ်နိုင်ဘူး အရူးထမနေနဲ့"
Jiminသည်ပြောချင်ရာပြောပီး ထမင်းစားခန်းထဲမှလှည့်ထွက်လာခဲ့သည်။jeon သည် ခုံပေါ်သို့ငြိမ်ငြိမ်လေးပြန်ထိုင်သွားခဲ့သည်။
"ချစ်ကြည့်မယ်ပြောတာအရူးထတာမှ မဟုတ်တာ "
Jeonသည် ခုံပေါ်တွင်ထိုင်ကာ Jiminချစ်လာအောင်ဘယ်လိုလုပ်ရမလဲဟု တွေးနေလေသည်။
မချစ်လို့မရတော့ဘူး။တအားတွေချစ်ချင်နေပီ။ ချော့ပြောလို့မရရင်ကြမ်းမှဖြစ်တော့မယ်။
တအားတွေချစ်ပြလိုက်လို့ ပိုပီးမုန်းသွားရင်လဲ ခက်ရချည်ရဲ့။Jiminသည် အခန်းတံခါးကိုပိတ်လိုက်ပီး ရင်ဘတ်တစ်နေရာကိုလက်လေးနှင့်ဖိထားမိသည်။
"အရူးလား ချစ်ရင်လဲချစ်တယ်ပေါ့ ဘာကိုနည်းနည်းစီချစ်ကြမလားလဲ လူကို မနေတတ်အောင်လို့"
"Seokဆီသွားတာပဲကောင်းတယ် အိမ်မှာသူနဲ့အတူတူနေရင် ရင်ခုန်ရလွန်းလို့ နှလုံးရောဂါရပီးသေသွားနိုင်တယ်"
Jiminသည် အဝတ်အစားလဲကာအောက်ကိုပြန်ဆင်းလာတော့ jeonသည် ဧည့်ခန်းထဲတွင်ထိုင်ကာ Tvကြည့်နေလေသည်။
"ငါ seok ဆီ ခနသွားဦးမယ် "
နေပါဦးငါဘာသာ ဘယ်ပဲသွားသွားပေါ့ ဘာလို့သူ့ကို အတိအကျသွားပြောနေရတာလဲ။
"အင်း"
ခုံမှာထိုင်နေသောသူသည် အင်းတစ်လုံးပဲ ပြန်ဖြေကာ ဘာမှတော့မပြောခဲ့။ခုနကကိစ္စကိုများစိတ်ကောက်နေတာလားမသိဘူး။
မသိတော့ဘူး ထားခဲ့လိုက်တော့မယ်။Jiminသည် ညဘက်ထဲကရင်ခွင်ထဲထည့်ကာ ဖက်အိပ်ထားသည့်သူကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့။ ထို့ကြောင့်မနက်စောစောထကာ မနက်စာဆင်းပြင်နေတုန်း ထပ်ပြောသည့်စကားကြောင့် လူကပိုလို့တောင်ရူးချင်လာ၏။
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....