2🌼

1.4K 194 26
                                    

နေပူလယ်ခေါင်မှာ ကောင်လေးနှစ်ယောက်ကစက်ဘီး စီးသင်နေကြတဲ့မြင်ကွင်းကို တစ်ယောက်က အပင်ကြီးအောက်မှထိုင်ကာငေးကြည့်နေသည်။

ဒီနေ့ဆို စက်ဘီးစီးလာသင်တာသုံးရက်မြောက်သောနေ့ ။ခုချိန်ထိရေရေရာရာ မနင်းတတ်သေး။တစ်ယောက်ကလဲ မမောနိုင်မပန်းနိုင်နောက်ကတွန်းပေးနေတာ။တစ်ချက်တစ်ချက် လဲကျရင်လဲ အပြစ်တင်သံကစူးခနဲပဲထွက်ကျလာတတ်သည်။

"ဘယ်လိုဖြစ်လို့ တအားကြီးတွန်းနေတာလဲ"

"ငါတအားမတွန်းပါဘူး ကူးရာ မင်းဘာသာမင်း လက်ကမထိန်းနိုင်ဖြစ်နေတာကို"

"ငါကဘာကိစ္စမထိန်းနိုင်ရမှာလဲ ငါကအကုန်တော်ပီးသား အမေ့!...."

စကားမဆုံးသေး ချိုင့်ခွက်လေးထဲကို ရှေ့ဘီးလေးကပြုတ်ကျသွားကာ စက်ဘီးနဲ့လူနဲ့လမ်းပေါ်ရုပ်ပျက်ဆင်းပျက်လဲကျလာတော့သည်။

"မင်းသေသေချာချာမထိန်းဘူးလား ငဂျီကောင်ရဲ့...အမလေး...ကျွတ်...ကျွတ်...နာလိုက်တာ"

Taeသည် သူတို့နှစ်ယောက်ကို အဝေးမှကြည့်နေရာမှ သက်ပြင်းရှည်တစ်ခုချမိသည်။ကြည့်မနေနိုင်တော့တာနဲ့ ခေါင်းကို ဘယ်ညာခါရမ်းလိုက်ပီး ထိုင်နေရာမှထလာခဲ့လိုက်သည်။

"မင်းဟာကတရားလွန်ပါတယ်ကွာ"

Taeစကားဆုံးတာနဲ့ မျက်နှာကိုမော့ကြည့်လာကာ

"သူအသုံးမကျလို့ဖြစ်ရတာလေ ဘာလို့ငါကတရားလွန်ရမှာလဲ"

Jiminသည် သူ့ကြောင့်လဲသွားတာဆိုပီး မျက်နှာလေးကပြန်မော့မလာပဲ ရှိုက်သံလေးသာထွက်နေသည်။

ဒီကောင်ကိုကတရားလွန်တာပါ။ဘယ်နှယ့် စက်ဘီးစီးသင်တာ သုံးရက်ရှိနေပီ ခုထိတောင် ဂိတ်ကိုနိုင်အောင် မထိန်းနိုင်ပဲနဲ့ Ji Jiကောင်ကိုပဲအပြစ်တင်နေတာ။

ငယ်ငယ်ကတော့ကိုယ့်ကို အနိုင်ယူပီးနိုင်စားခဲ့ပေမယ် JiJiရောက်လာပီးနောက်ပိုင်း ကိုယ့်အပေါ်သိပ်အနိုင်မယူတော့ဘူး။

ကိုယ်ကတော့ ဝဠ်ကျွတ်သွားပေမယ့် Jiကောင်လေးကတော့ အဲ့နေ့ကစပီး သူ့အလိုကိုလိုက်ရတော့တာပဲ။ခနခနအနိုင်ယူ ဗိုလ်ကျနေပေမယ့် မငြီးမငြူသူမှာအကုန်လိုက်လုပ်ပေးတာ။

ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေးWhere stories live. Discover now