6 Year Later...
မှန်ရှေ့တွင်ရပ်ကာ သူ့ရဲ့မနေ့တနေ့ကမှအရောင်ပြောင်းလာခဲ့တဲ့ ဆံပင်ပန်းရောင်လေးတွေကိုသေချာလေးပုံစံချကာ ဖီးသင်နေလိုက်သည်။ထို့နောက် နားပေါ်မှအပေါက်လေးတွေ တစ်ခုချင်းစီတိုင်းမှာ နားဆွဲရှည်ရှည်လေးတွေတစ်ခုချင်းလိုက်တပ်နေလိုက်သည်။
နားဆွဲလေးတွေဝတ်နေတုန်း သူ့ရဲ့ဖုန်းမှမြည်လာတာကြောင့် ဖုန်းကိုကောက်ကိုင်လိုက်တော့
"Park Jimin!"
တစ်ဖက်လူရဲ့အော်သံကြောင့်နားမှာကပ်ထားတဲ့ဖုန်းကိုဆွဲခွာမိလျက်သား။
"ဘယ်လိုဖြစ်လို့အဲ့လောက်တောင်အော်နေတာလဲ မိန်းမရာ"
တစ်ဖက်ဖုန်းမှလူကဘာပြန်ပြောလဲမသိ ပန်းရောင်ကောင်လေးသည် နှုတ်ခမ်းလေးတွေကော့တက်သွားသည်အထိပြုံးနေခဲ့သည်။ ခနကြာတော့ရယ်သံလွင်လွင်လေးထွက်ပေါ်လာပြန်သည်။
"စိတ်မဆိုးပါနဲ့မိန်းမရယ် လာခဲ့မယ် 5မိနစ်ပဲစောင့် ချစ်တယ် အာဘွား"
ပန်းရောင်ကောင်လေးသည် ဖုန်းကိုအိပ်ရာပေါ်ပစ်တင်လိုက်ပီး နားဆွဲလေးတွေ လက်စွပ်လေးတွေ လက်ပတ်လေးတွေကို တစ်ခုချင်းစီ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်သည်။
မှန်ရှေ့တွင်စိတ်ကျေနပ်တဲ့အထိပြင်ဆင်ပီးကာမှ ချိန်းထားတဲ့နေရာသို့ထွက်လာခဲ့လိုက်သည်။
"သား"
"Morning မေမေ"
မေမေသည် ပန်းရောင်ကောင်လေးကို သေချာလေးကြည့်လိုက်ပီး
"သွားစရာရှိလို့လားသားလေး"
"ဟုတ်"
"သူတို့ပြန်လာတော့မယ်တဲ့"
ဆံပင်ပန်းရောင်နဲ့ကောင်လေးသည်ခနလောက်တော့တိတ်ဆိတ်သွားပီးနောက် မျက်နှာပေါ်အပြုံးတစ်ခုအမြန်ဆုံးဖန်းတီးလိုက်ကာ
"သားချိန်းထားတာနောက်ကျနေပီမေမေရဲ့ အရမ်းနောက်ကျနေရင် မိန်းမဆီကအဆူခံရလိမ်းမယ်မေမေ သွားပီ"
"ဟဲ့!ဟဲ့! အော်ဒီကလေး"
အိမ်ပေါ်မှအတင်းပြေးထွက်သွားသောသားဖြစ်သူကိုကြည့်ကာ သက်ပြင်းရှည်တစ်ခုချလိုက်မိသည်။
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....