8🌼

1.1K 200 21
                                    

"အမလေး ပင်ပန်းလိုက်တာ"

Jungkookသည် အင်္ကျီကြယ်သီးနှစ်လုံးလောက်ဖြုတ်ချလိုက်ကာ အိပ်ရာပေါ်သို့ ကန့်လန့်ကြီးလှဲချလိုက်သည်။

တစ်ဖက်လှည့်ကြည့်လိုက်တဲ့အခါ Jiminသည် အဝတ်အစားတွေယူပီးရေချိုးခန်းထဲသို့ဝင်သွားလေသည်။

Jungkookသည် park Jiminကိုမှမြန်မြန်လက်မထပ်ရရင် သေပါတော့မည်ဟု အတင်းပူဆာသောကြောင့် မိဘတွေသည်နားပူလွန်း၍ မြန်မြန်ပင် မင်္ဂလာပွဲ လုပ်ပေးခဲ့သည်။

အခုတော့ထိုအသေးလေးအားတကယ်ပင်ပိုင်ဆိုင်ရပါပီ။

တကယ်တမ်းကျရင်ထိုအသေးလေးပေါ် သူမတရားမှန်းလဲသိပါသည်။အမြဲတမ်းအနိုင်ကျင့်နေခဲ့တဲ့လူကို ဘယ်သူက လက်ထပ်ချင်မှာလဲ။

မျက်လုံးတွေကိုမှိတ်ချလိုက်ကာ ကုတင်ပေါ်ကန့်လန့်ကြီးအတိုင်းပဲလှဲနေမိသည်။

ခနလေးအိပ်ပျော်သွားပီးနောက် နိုးလာတဲ့အခါ park Jiminသည် ခုထိရေချိုးခန်းထဲကထွက်မလာသေး။

Jeonသည် ကုတင်ပေါ်လှဲနေရာမှထကာ ရေချိုးခန်းဆီသောသွားရန်ပြင်လိုက်သောအခါ pajamasအင်္ကျီအဝါရောင်လေးနဲ့ ကိုယ်ငယ်လေးသည် ခုံပေါ်တွင် သေချာလေးထိုင်နေခဲ့သည်။

Jeonသည်အိပ်‌ပျော်နေတဲ့အတွက်‌ကြောင့်ဘယ်အချိန်ကထွက်လာပီးထိုင်နေမှန်းမသိခဲ့။ ခေါင်းလျော်ထားပုံရကာ ဆံပင်တွေသည်ခုထိရေမခြောက်သေး။စားပွဲခုံလေးကိုသေချာစိုက်ကြည်ကာ အဝါရောင်လုံးလေးသည် အတွေးများနေသည့်ပုံပင်။

"Jimin"

"ဟင်"

Jiminသည် ခေါ်သံကြားတဲ့အခါ အတွေးတွေများနေရာမှ မော့ကြည့်လာခဲ့သည်။

"ဘာလုပ်နေတာလဲ"

"ထိုင်နေတာလေ"

"ထိုင်နေတာတော့ငါမြင်တာပေါ့ "

"မြင်ရင်ဘာလို့မေးနေလဲ"

"မဟုတ်သေးပါဘူး ဘာတွေကိုအလိုမကျဖြစ်နေတာလဲ"

"ဘာမှ အလိုမကျစရာအကြောင်းမရှိဘူး အကုန်အလိုကျတယ်"

"ဒါဆို စကားကောင်းကောင်းပြောလေ"

ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေးWhere stories live. Discover now