ဧည့်ခန်းအတွင်းထိုင်နေသော အဝါရောင်လုံးလေးသည် တစ်ခုခုကိုအလိုမကျသည့်ဟန်ဖြင့်စူပုတ်ကာထိုင်နေလေသည်။
"သား လက်မထပ်ချင်ပါဘူးဆိုနေမှ"
"ငါကတော့မင်းကိုလက်ထပ်မှာ"
မျက်စောင်းလှလှလေးသည် Jungkookထံသို့စူးခနဲကျရောက်လာသည်။
"မင်းကိုမပြောဘူးမေမေကိုပြောနေတာ"
"ငါလဲမင်းကိုမပြောဘူး တီမေကိုပြောနေတာ"
သုံးအိမ်လုံးရဲ့မိဘတွေသည် ဧည့်ခန်းအလယ်မှာထိုင်ကာ နှစ်ယောက်သားစကားနိုင်လုတာကို ထိုင်ကြည့်နေရသည်။
ထယ်သည်သူနဲ့မသက်ဆိုင်သလို လာချပေးထားသောမုန့်တွေစားလိုက် ဖုန်းကြည့်လိုက်နဲ့အလုပ်ရှုပ်နေခဲ့သည်။
Jungkookသည် ခရီးမှပြန်ရောက်လာတည်းက park Jiminကို လက်ထပ်ချင်လို့ပါဟုဆိုကာ သုံးအိမ်လုံးအကောင်းမနေရအောင် အမျိုးမျိုး စိတ်ဒုက္ခတွေပေးနေခဲ့သည်။
Jiminသည်လဲ လက်မထပ်ချင်ဘူးငြင်းနေတာပြန်ရောက်လာတည်းက။မိဘတွေသည် ခုထိ လက်ထပ်ပေးရမှာလားမပေးရဘူးလားဝေခွဲမရသည့်ပုံပင်။
နည်းတောင်နည်းသေးတယ်။jimin ကိုပစ်ထားတုန်းက သူပဲပစ်ချထားခဲ့ပီး ခုမှ အသဲအသန်ကိုလက်ထပ်ချင်နေတာ။ ဟိုက လက်မခံတာ အပစ်ပြောလို့မရဘူး။ငါဆိုလဲ ငြင်းမှာပဲ။ Jiminတစ်သက်လုံးလက်မခံပါစေနဲ့လို့ထယ်သည် ကြိတ်ပီးဆုတောင်းနေလိုက်သည်။
Jiminလက်မခံလို့ Jungkookဖြစ်နေမည့်ပုံစံကိုပြန်တွေးကြည့်လိုက်သည့်အခါ ထယ်သည် အသံတိတ်ရယ်ချမိသည်။
"ဟီး!ဟီး!"
ထယ့် ရယ်သံကြောင့်စကားနိုင်လုနေသောနှစ်ယောက်သည်လှည့်ကြည့်လာခဲ့သည်။ဘာလဲ ငါတိုးတိုးလေး ရယ်လိုက်တာပါ အပြင်ထိထွက်သွားတာလား။ထယ်သည် မသိချင်ယောင်ဆောင်ကာဖုန်းဆက်ကြည့်နေလိုက်သည်။
"မေမေကတော့ သားတို့ကိုလက်ထပ်စေချင်တယ်"
"မေမေ!"
"တော်တော့ Jimin မေမေတို့အရင်ထဲက သားတို့ကို လက်ထပ်ပေးမယ်လို့စီစဉ်ထားပေးပီးသား"
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....