"ဒီကို လာခဲ့ park Jimin"
"မလာဘူး"
ကြမ်းပြင်ပေါ်တွင် ပေတိပေကပ်ထိုင်နေသော အဝါရောင်လုံးလေးသည် အမြင်ကတ်စရာအတိ။
"လာခဲ့လို့ပြောနေတယ်နော်"
"မလာဘူး ပြန်မယ် အိမ်ကိုပြန်ပို့ပေး"
ကြောင်ချေးရုပ်လေးသည် ကြမ်းပြင်ပေါ်တွင်ထိုင်ပီး ခြေထောက်နှစ်ချောင်းကို ဟိုကန်ဒီကန်လုပ်ကာ မထွက်လာသော မျက်ရည်များကို ညှစ်ထုတ်ကာအော်ငိုနေလေသည်။
"အော်ငိုမနေနဲ့ မင်းကို ခိုးပြေးလာတာလို့ပြောပီးပီလေး ဘာမှပြန်မပို့ပေးဘူး"
"ခင်များကို ဘယ်သူကယူမယ်ပြောလို့လဲ"
"တိတ်တိတ်နေစမ်း ဘေးခန်းမှာ လူတွေနဲ့"
"အဟီး...ဟီး.. သူများကိုဆို အမြဲတမ်းအနိုင်ကျင့်နေတယ်"
ဝါဝါထိန်ထိန်ကြောင်ချေးရုပ်လေးသည်ပြောမှပိုဆိုးကာ အော်ကြီးဟစ်ကျယ်ထငိုနေပြန်သည်။ Park Jiminတို့ ရင့်ကျက်လာပီထင်တာ အခုတော့ ကိုယ်ထင်တာ တက်တက်စင်အောင်လွဲနေမှန်းသိလိုက်ရသည်။
"လာစမ်း အဲ့လောက်ငိုချင်နေတဲ့ဟာလေး ငိုရအောင်လုပ်ပေးမယ်"
Jungkookသည် ကုတင်ပေါ်ခြေဆင်းထိုင်နေရာမှ ထလာကာ ကြမ်းပြင်ပေါ်မှ ပေတိပေကပ်နဲ့ အဝါရောင်လုံးလေးအား ခြေထောက်နှစ်ဖက်မှ ဆွဲယူလိုက်လေသည်။
အဝါရောင်လုံးလေးသည် ပေါ့ပါးစွာပင် Jungkookလက်တွေထဲပါလာလေသည်။"ခင်များနော် ကျနော့်ကိုအနိုင်လာမကျင့်နဲ့"
အနိုင့်မကျင့်နဲ့ဟုဆိုကာ ရင်ဘတ်တွေပေါ်သို့ လက်သေးသေးလေးတွေက ကျရောက်လာလေသည်။တကယ်တမ်းအနိုင်ကျင့်ပီး တဘုန်းဘုန်းထုရိုက်နေတာကသူပါ။ကိုယ်ကသူ့ကို လက်ဖျားလေးနဲ့တောင်ထိရသေးတာမဟုတ်။
"ဘယ်သူ အနိုင်ကျင့်နေလို့လဲ"
"ခင်များလေ ရူးနေလို့ ခိုးပြေးလာတာလား"
"ခိုးပြေးတာက အနိုင်ကျင့်တာ မဟုတ်ဘူးလေကွာ ပိုင်ဆိုင်ချင်လို့ကို"
"မပိုင်ဆိုင်နဲ့ "
"မပိုင်ဆိုင်လို့တော့မရဘူးလေအချစ်ရယ် အရမ်းပိုင်ဆိုင်ချင်နေလို့ပါ မငိုနဲ့တော့လေကွာနော်"
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....