ကော်ဖီဆိုင်းအတွင်းထိုင်နေသော Jiminမျက်နှာသည် ရှုံမဲ့မဲ့။
Hoseokသည် Taeကို ရှေ့တည့်တည်မှ မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေလေသည်။Tae သည်ကိတ်မုန့်လေးတွေကိုသေချာအရသာခံစားနေရာမှ"Ji Ji ဒီကိတ်လေးစားကြည့် တော်တော်လေးကောင်းတယ်"
Jiminသည် Jungkookကိုတစ်ချက်လှန်းကြည့်လိုက်ပီးနောက်
"ငါအဲ့ကိတ်မကြိုက်ဘူး ထယ်"
"အော် ...မကြိုက်ဘူးလား"
"ငါကြိုက်တယ် ငါ့ကိုကျွေး"
တစ်ချိန်လုံး ထယ်လှုပ်ရှားသမျှမျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သော Hoseokသည် ကိတ်မုန့်လေးကိုတောင်းစားလေတော့
"မင်းကငါ့ကိုကြည့်လို့ဝသွားပီလား"
"ဟမ်"
"မင်းတစ်ချိန်လုံးငါ့ကို ထိုင်ကြည့်နေတာလေ ငါမသိဘူးထင်နေတာလား"
"သိတာလား ကြည့်နေတာကို"
"ရှေ့ကနေအသက်ပျောက်သလို ငုတ်တုတ်ကြီးထိုင်ကြည့်နေမှ မသိပဲနေမလား"
"မင်းကထိုင်ကြည့်ချင်စရာကောင်းနေတာကို"
"ဘာလို့လဲ"
"ငါကြိုက်လို့"
"အဟမ်း! အဟမ်း!"
Jiminရဲ့ လုပ်ဆိုးတဲ့ချောင်းသံကြောင့် သုံးယောက်လုံး ဝိုင်းကြည့်လာတဲ့အခါ
"ဘာမှ မဟုတ်ဘူး ဒီအတိုင်း ချောင်းနည်းနည်းဆိုးနေလို့"
သူ့စကားဆုံးတဲ့အခါ Jungkookသည် ဖုန်းပဲပြန်ကြည့်နေကာ Taeနဲ့ Hoseokသည်ပြန်လည်ကာ စကားဖောင်ဖွဲ့နေကြပြန်သည်။
Jungkookသည် Taeနဲ့ Hoseokကိုသဝန်မတိုဘူးလားမသိပေမယ့် ကိုယ်ကကြားထဲကမျက်နှာပူရပါသည်။
ကိုယ့်ရည်းစားကို အခြားတစ်ယောက်က တစ်နေကုန်ကြီး ထိုင်ကြည့်နေတာဘယ်သူကကြိုက်မလဲ။အခုလဲ Jungkookသည် ဖုန်းကိုတတောက်တောက်ရိုက်နေကာ ထယ်ဆီကိုစာပို့နေတဲ့ပုံပါပဲ။
"Jimin"
"ပြောလေထယ်"
"ငါတို့ခရီးတစ်ခုခု ထွက်ကြရအောင်"
YOU ARE READING
ငါ့ရဲ့ကောင်လေး ရုပ်ဆိုးလေး
Fanfictionကိုယ်အမြဲအနိုင်ယူနေတဲ့ကောင်လေးတစ်ယောက်ကိုချစ်မိသွားသောအခါ....