သွေးတို့၂ယောက် clubကပြန်လာတော့ နေမင်းကြီးတောင် အနောက်ရပ်ကနေ တာ့တာပြတော့မယ်
သွေးတို့လည်း စီးရမဲ့bus ပေါ်တက်ပြီး ထိုင်လိုကိတယ်
"King ဘယ်လိုလဲ ကိုလင်းက
သက်သာလား""ဟင့်အင် မသက်သာဘူး
ငါက သူ့ကို လူကောင်သေးသေးဆိုတော့ သိပ်မကြမ်း လောက်ဘူးထင်တာ
မှန်းချက်နဲ့ နှမ်းထွက်က တော်တော်ကွာတယ်
ငါ ၂ခါတောင် ကိုက်ပေါက် ခံလိုက်ရတယ် အီဆိမ့် သွားတာပဲ""ခွီး နည်းတောင်နည်းသေး
မင်းပြောသလိုပဲ ကိုလင်းက ကိုရှင်းထက် ပိုကြမ်းတယ်
သူတို့၂ယောက်ယှဥ်တိုက်တဲ့ ပွဲက အရမ်းကြည့်ကောင်းတာ""ဟုတ်လား သူတို့ကဘယ်တော့လောက် တိုက်လဲ"
"တခါတလေမှ တကယ့်ကို တခါတလေမှပါ ငါတောင်တော်တော် ရင်းတဲ့သူမို့ မြင်ဖူးတာ
ဒါမဲ့ ဘယ်တော့ ဖြစ်ဖြစ်
ကိုလင်းပဲနိုင်တယ်""ဟင် တကယ်လား
ဘာလို့လဲ ကိုရှင်းက ကိုလင်းလောက် မတော်လို့လား""မဟုတ်ပါဘူးကွာ သူတို့၂ယောက် အရည်ချင်းက
သူမသာ ကိုအသုဘ
တူတူပဲ""မင်း ဥပမာကြီးကလည်းကွာ
ထားပါ ဆက်ပြောပါဦး""ကိုရှင်းနဲ့ ကိုလင်းတို့၂ယောက်က အသက်တူတူပဲ
Training လည်း တူတူဆင်းလာတာ သူတို့၂ယောက်က Training ကာလမှာတွေ့ ကြတာလေ
သူတို့က တခန်းထဲမှာ တူတူနေရတယ် ဘယ်လိုပြောရမလဲ
မြင်ပါများတော့ ချစ်ကျွမ်းဝင်
သွားတာပေါ့""တကယ်ကြီး အဲတာဆို
သူတို့၂ယောက်က ခု...""ငါပြောတာ ဆုံးအောင်နားထောင်ပါဦး အဲမှာ ကိုလင်းက အရင်ဖွင့်ပြောတာ"
"ကိုလင်းကပေါ့
ဝါးး မထင်ရဘူး""အင်း အစမှာ ကိုရှင်းက လက်ထပ်ဖို့ထိ ရည်ရွယ်ထညးတဲ့ ကောင်မလေးရှိလို့ ငြင်းလိုက်တယ်လေ
အဲမှာ ကိုလင်းကလည်း အရွဲ့တိုက်ပြီး တွေ့တဲ့ လူနဲ့ တွဲတော့တာပဲ
အဲကျမှာ ကိုရှင်းက ကိုလင်းကို နောက်တယောက်ဆီ ပါသွားမှာ
ကြောက်ပြီး ပြန်ဖွင့်ပြောတယ်လေ ကောင်မလေးကိုလည်း
ပွင့်ပွင့်လင်းလင်းပြောပြီး
လမ်းခွဲလိုက်တယ်
နောက်တော့ သူတို့၂ယောက်က
ချစ်သူတွေ ဖြစ်သွားတယ်
ခုချိန်ထိ ဆိုပါတော့
ကိုလင်းက စချစ်ခဲ့တဲ့ သူဆိုပေမဲ့
ကိုရှင်းက ကိုလင်းကို သူ့အသက်ထက်တောင် ပိုချစ်တယ်
သူအချိန်တိုင်း ရှုံးတယ်ဆိုတာလည်း အလျော့ပေးထားလို့လေ"

YOU ARE READING
Ride or Die
Romanceစိုင်းဧကရာဇ်မောင်: မောင့်ကိုပဲ ချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင်က ငါ့တယောက်တည်း အတွက်ပဲ ဘုန်းသွေးသစ်မောင်: ကို မောင်တယောက်တည်းအတွက် ဖြစ်တည်လာတာမို့ မောင်ကလည်း ငါ့အတွက်ပဲ ဖြစ်ပေးပါ ဝါသနာအရရေးတာမို့ အရမ်းမကောင်းနိုင်ပါဘူးနော် ငြမ့်ငြမ့်လေးနဲ့ Roဆန်...