part 11 (ဒုတိယအကြိမ်)

143 11 25
                                    

Buzz Buzz

လောကကြီးတခုလုံး အိပ်မောကျနေတဲ့ အချိန်ဖြစ်တဲ့
ညသန်းခေါင်လောက်ကြီးမှာ
ကုတင် ပေါ်မှာ တယောက်နဲ့ တယောက် မျက်နှာချင်းဆို အိပ်နေတဲ့ ရာဇ်နဲ့ သွေးရဲ့
ဘေးမှာရှိတဲ့ စာကြည့်စားပွဲ ပေါ်တင်ထားတဲ့ ရာဇ်ရဲ့
ဖုန်းအမည်းရောင်လေးက
အသက်ဝင်လာခဲ့တယ်

ပထမတခေါက့်ပီးဆုံးသွားတာတောင် ကုတင် ပေါ်က၂ယောက်ကတော့ နည်းနည်း လှုပ်လာရုံမှ လွဲ ထမကိုင်ကြ

Buzz Buzz

ဒုတိယတခေါက်မှာတော့
ရာဇ်မျက်လုံးကို မဖွင့်ပဲ ဖုန်းကိုစမ်းပြီး ကိုင်လိုက်တယ်

"ဟယ်လို"

ရာဇ်ဟာ သူတို့၂ယောက်ဆီကို
ဖုန်းဆက်တက်တာ ကိုလင်းနဲ့ ကိုရှင်းပဲ ရှိတာမို့
သေချာပေါက် သူတို့ထဲက တယောက်ဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း
တဖက်က သူက သူတို့မဟုတ်ဘဲ
အသံစိမ်းတခု

"သခင်လေး ရာဇ် လားမသိဘူး"

"ဟုတ်ကဲ့ ဘယ်သူလဲ"

"ဦးလေးပါ ဦးဖိုးကောင်း"

'ဦးဖိုးကောင်း' ဆိုတာ ဘယ်သူလဲ
မသိတညကြောင့် ဦးနှောက်ကို
အလုပ်ပေးလိုက်တော့

"အော် ဟုတ်ကဲ့ ဦးလေး
ဒီချိန်ကြီး ဘာကိစ္စလဲ"

လူတွေအိပ်ချိန်ကြီးမှ ဆက်လာတဲ့ ဖုန်းမို့ အရေးကြီးမှန်းသိသာပါတယ်

"ဟိုလေ ဆရာ အချိုတွေစားတာများပြီး ဆီးချိုတွေ အရမ်းတက်လာလို့ ဆေးရုံတင်လိုက်ရတယ်"

"ဗျာ..."

'အဖေက ဆေးရုံတင်လိုက်ရတာလား' ဘယ်လိုဖြစ်တာလဲ

လို့တွေးပြီး ဘေးမှာအိပ်နေတဲ့ သွေးကို ကြည့်မိသွားတယ်

"ဟုတ်ကဲ့ ခုကော ဘယ်လိုနေသေလဲ ဦးလေး"

"ဦးလေးက ကားနဲ့လိုက်ပို့တာဆိုတော့ ဆေးရုံမှာစောင့်နေတာ
ဆရာဝန်ကြီးတွေကတော့ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောသွားတယ် အဲတာ သားများ သိချင်မလားလို့ ဦးလေး လှမ်းဆက်လိုက်တာ ဦးလေးဆက်တာ
သားမိဘတွေတောင် မသိဘူး"

"အော်..."

ရာဇ် အော်တလုံသာ ပြောနိုင်တော့တယ် ကိုယ်ဟာ သူတို့အတွက်ဆို အိမ်က အလုပ်သမားလောက်ပင် ​​ရေးမပါပေ

Ride or DieOù les histoires vivent. Découvrez maintenant