part 4 (Earrings)

114 15 2
                                    

ကျောင်းသားတွေရဲ့ ပျော်ရွှင်ရတဲ့နေ့ဖြစ်တဲ့ ကျောင်းတက်ရက်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့ကို ရောက်လာတယ်။

အတန်းထဲမှာလည်း အရာအားလုံးဟာ အသားတကျဖြစ်နေသလို တချို့တချို့ဟာလည်း
ကိုယ့်အုပ်စုတွေနဲ့ ကို ဖြစ်နေပြီ။

အုပ်စုတွေထဲမှာ အင်အားအများဆုံး အုပ်စုကတော့

"နေမထွက် အင်ပါယာ
ခေါ်
ဖူဂျိုဖူဒန်များ ဆုံစည်းရာ"

ဆိုတဲ့ အုပ်စုပဲ ဖြစ်တယ်
အဲအုပ်စုကြီးထဲမှာ
ဂိမ်းသမားတွေကော
နတ်မိမယ်တွေကော
စာဂျပိုးတွေကော
ရှောင်ကောကောမှမရရင် လင်မယူမဲ့သူတွေကော
Idolမျက်နှာ တကမ္ဘာလုပ်နေတဲ့သူတွေကော ပါတယ်
အဲတာကြောင့် အဲအုပ်စုကို
နောက်တမျိုး ခေါ်သေးတယ်
အဲတာက

'ရပ်ကွက်ရုံး' တဲ့
အတန်းထဲမှာ စုစုပေါင်း
အယောက်၁၀၀နီးပါးရှိတာကို
၇၀ကေျာ်လောက်က
အဲအဖွဲ့ဝင်တွေ
၁၀ယောက်လောက်ကတော့ အဲအဖွဲ့ရဲ့ Haterတွေဖြစ်ပြီး
ကျန်တဲ့သူတွေကတော့
အေးအေးဆေးဆေး နေတက်တဲ့သူတွေ
နေမထွက် အင်ပါယာရဲ့ ခေါင်းဆောင်ဟာ ဘယ်သူလို့ ထင်ပါသလဲ
သူကတော့ ဝေးဝေးသွားကြည့်စရာမလိုတဲ့ ကျောင်းထဲမှာပဲနေတဲ့
ကျောင်းအုပ်ဆရာကြီးရဲ့ သမီး
ပဲဖစ်တယ်
ကျောင်းအုပ်ကတော့ သူ့သမီးကို
ရိုးရိုးကုပ်ကုပ် ဖြူဖြူစင်စင်လေးဆိုပြီး အရမ်းဂုဏ်ယူတက်တယ်

ဒါမဲ့ သူ့သမီးက ကုပ်ကုပ်တော့ ကုပ်ကုပ်ပါပဲ ရိုးရိုးကုပ်ကုပ်တော့ မဟုတ်ဘဲ ကုပ်ကမြင်းဆိုတာရယ်
သူဘယ်လောက်ဖြူစင်လဲဆိုတာ
တတန်းလုံးသိတယ်
ဥပမာပြောရရင် ဘယ်gay pornကသူတွေက ပိုချောတယ်
ဘယ်gay pornက သူတွေက
Bodyတောင့်တယ်ဆိုတာ
မသိရင် သူ့သာသွားမေးလိုက်
အသေးစိတ်အချက်အလက်ကအစ ရှင်းပြတက်တာ

သွေးနဲ့ ရာဇ်ကကော ဘယ်အဖွဲထဲပါမယ် ထင်ပါသလဲ
တကယ်တော့ သူတို့က ဘယ်အဖွဲ့ ထဲမှမပါပေမဲ့
အလိုလိုနေရင်း
နဂိုရုပ်ခံလေးတွေကြောင့်

"အငမ်းခံ" ဆိုတဲ့ အုပ်စုထဲကို
ရောက်သွားတယ်

"အငမ်းခံ"
အုပ်စုက စုစုပေါင်း
ယောက်ပဲရှိပြီး၁၅ မိန်းကလေး
၉ယောက်နဲ့ ယောက်ကျားလေး
၆ယောက် ရှိတယ်။

Ride or DieWhere stories live. Discover now