ကျောင်းသားသစ်ဟာ ma ma's boy
တယောက်ဖြစ်ဟန်တူပါတယ်
မီးပူထိုးထားလို့ ဖြစ်နေတဲ့ ခေါက်ရိုး ရာနဲ့
အဖြူအင်္ကျီ
သန့်ပြန့်နေတဲ့ ပုဆိုး အစိမ်း
ကပ်နေအောင် အုံးဆီသုံးပြီး ဖြီးထားတဲ့ ဆံပင် တိုတို
အောက်က ဖြူဖွေးနေတဲ့ ခြေထောက်သွယ်သွယ်လေးတွေနဲ့ ကတ္တီပါ မီးခိုးရောင် ဖိနပ်လေး လွယ်ထားတဲ့ လွယ်အိတ်ဟာလည်း
နာမည်ကြီးbrandထဲက ဖြစ်လို့
သူဌေးသား တယောက်ဆိုတာ
မြင်ရုံနဲ့ သိနိုင်တယ်ပြီးတော့ ကျောင်းသားသစ်ဟာ တခန်းလုံ အော်ရလောက်တဲ့အထိကို ချောပါတယ်
အသားဖြူပါတယ်ဆိုတဲ့ ရာဇ်ထက်တောင်
ဖြူဖွေးပြီး ဝင်းနေတဲ့ အသားရေ
Body structure ကအရမ်းတောင့်တဲ့ထဲမှာမပါဘဲ ခုတလော ပျိုမဒီတွေကြား ရေပန်စစားနေတဲ့ ရှောင်ကောကော bodyမျိုး
အရပ်ကတော့ သွေးတို့ထက် ၃လက်မလောက် နိမ့်လိမ့်မယ် ထင်ပါ့ဖြူပြီး ပြောင်ရှင်းနေတဲ့ နဖူးပြင်မှာ
ဆံသားအမဲလေး ဟိုတစ ဒီတစ
မျက်ဝန်းအနက်လေးတွေနဲ့ ကော့ပျံနေတဲ့ မျက်တောင်တွေ
နှာတံဟာ အနည်းငယ်တိုတဲ့ ထဲပါပေမဲ့ ကြည့်ရဆိုးနေတာမဟုတ်ပဲ သူ့နေရာနှင့်သူတော့တော်တော် ကြည့်ကောင်းပါတယ်
နှုတ်ခမ်းသားလေးတွေဆိုသည်မှာ
ဆေးအကူမပါဘဲနှင့် အနီရောင်သန်းနေသယောင်ယောင်
တကယ်ကို အပြင်မှာတွေ့လျှင်
ပြန်လှည့်ကြည့်ရမည့် သူမျိုးဒါပေမဲ့ ထူးဆန်းတာက
နှစ်ဝက်စာမေးပွဲဖြေ ဖို့၁လလောက်အလိုမှ ပြောင်းလာခြင်းပင်
သူ့အကြောင်းနှင့်တူ ရှိပါလိမ့်မည်
ရာဇ်တယောက် ကျောင်းသားသစ်ရဲ့
အလှအပကို ခံစားနေတုန်း
ဘေးက သွေးရဲ့ ကျောပြင်ကို ဗျောတင်လိုက်မှ အသိပြန်ကပ်တော့တယ်"အား....
ခွေးသား ဘာလို့ လာရိုက်တာလဲဟ"နှစ်ယောက်တည်း ကြားရုံပြောလိုက်တယ်
"မင်းက ဟိုတယောက်ကိူ ငမ်းနေတာ
အသက်ကောရှိသေးလညး သိချင်လို့
ရိုက်လိုက်တာ""အော် ငါသိပြီ
ငါ့အချစ်လေးက သဝန်တိုနေတာပဲ
စိတ်မပူပါနဲ့ အချစ်ရယ် ကိုယ့်မျက်လုံးထဲမှာ မင်းကသာ အလှဆုံးပါ"ဆိုပြီး သွေးကိုဆွဲဖက်လိုက်တော့
"ဟေျာင့် ချီးကိုလှ
ငါကချောတာကွ ခန့်တာ
လှတယ်ဆိုတာ ဟိုကျောင်းသားသစ်လို့ ပုံစံကိုပြောတာ ငါက ချောတာ"

YOU ARE READING
Ride or Die
Romanceစိုင်းဧကရာဇ်မောင်: မောင့်ကိုပဲ ချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင်က ငါ့တယောက်တည်း အတွက်ပဲ ဘုန်းသွေးသစ်မောင်: ကို မောင်တယောက်တည်းအတွက် ဖြစ်တည်လာတာမို့ မောင်ကလည်း ငါ့အတွက်ပဲ ဖြစ်ပေးပါ ဝါသနာအရရေးတာမို့ အရမ်းမကောင်းနိုင်ပါဘူးနော် ငြမ့်ငြမ့်လေးနဲ့ Roဆန်...