ရာဇ်နားဖောက်ပြီးတော့
စားသောက်ဆိုင်ကို လာခဲ့ကြတယ်
ဆိုင်ဟာ သွေးပြောသလို
သပ်သပ်ရပ်ရပ်နဲ့ လူလည်း
သိပ်အများကြီး မဟုတ်
နေ့လည်စာစားချိန် ကျော်သွားတာကြောင့် ဆိုင်ထဲမှာ
စုစုပေါင်း ၅ဝိုင်းလောက်ပဲ လူရှိတော့တယ်၅ဝိုင်းထဲက တဝိုင်းမှာ
ထိုင်နေတဲ့ သူတွေက အရုပ်ဆိုင်မှာတွေ့ခဲ့တဲ့ ရာဇ်မိဘနဲ့ ညီမ
ဒါပေမဲ့ ခုဟာက နောက်မိသားစု
တခုပါ ပေါင်းထိုင်နေပုံ
စုစုပေါင်း ၇ယောက်ရှိတယ်ရာဇ်ရဲ့ အဖေဖြစ်ဟန်ပုံတူသူက
စကားပြောရင်း ဝင်လာတဲ့
ရာဇ်နဲ့ သွေးကို ခဏကြည့်ပြီး
စကားပြန်ပြောနေတယ်ရာဇ်ကတော့ သူ့မိသားစုကို
မြင်ပုံ မပေါ်သေး
မြင်သွားရင် ဝမ်းနည်းသွားမှာစိုးလို့ သွေးက သူ့ကိုယ်နဲ့
ကာလိုက်ပြီး"လာ ငါတို့ ဟိုနားကထောင့်ကျတဲ့ ခုံမှာ ထိုင်ရအောင်"
ဆိုပြီး ရာဇ်သူ့မိသားစုကို မမြင်နိုင်လောက်တဲ့ နေရာမှာ
ထိုင်လိုက်တယ်"မောင် ငါတို့ထမင်းပဲ စားရအောင်
မနက်ကတိုင် ဘာမှ မစားရသေးဘူးမလား""ရတယ် မင်းကြိုက်တာသာ
မှာလိုက် ငါကလူစားလို့ရတာ
အကုန်စားတယ်""အေး အဲတာဆို
ငါမှာလိုက်မယ်"ဆိုပြီး ရာဇ်ကပဲ ၂ယောက်စာ
မှာလိုက်တယ်လာချတဲ့ ဟာတွေထဲမှာ
ပါသမျှ ငရုတ်သီးမှန်သမျှကို
ဖယ်စားနေတာကြောင့်"King မင်းကအစပ်မစားဘူးလား"
"အေး သေလောက်အောင်
စပ်တာကြီးကို အိမ်သာတက်ရင်လည်း ဖင်ပူသေးတယ်
အဝင်ပူ အထွက်ပူ
ကြီးကို မစားချင်ပါဘူး""အေးပါကွာ
စားပြီးရင် အိမ်အတွက်လိုအပ်တာလေးတွေ သွားဝယ်ရအောင်""အေး"
ဆိုပြီး စားပြီး
သွေးအိမ်အတွက် လိုအပ်တာဝယ်လိုက်တာ၂ယောက်လုံးလက်ထဲမှာ အထုပ်တွေပြည့်သွားတယ်"ဟျောင့် ဒီလောက်အများကြီး
ငါတို့ Taxiနဲ့ပဲ ပြန်ရလောက်တယ်""မင်းက Taxiမစီးချင်ဘူးလား"
"ဟင့်အင် Busနဲ့က
ကိစ္စမရှိပေမဲ့ ငါTaxiကိုတော့
မစီးချင်ဘူး
ဘာလို့လဲ မသိဘူး"

YOU ARE READING
Ride or Die
Romanceစိုင်းဧကရာဇ်မောင်: မောင့်ကိုပဲ ချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင်က ငါ့တယောက်တည်း အတွက်ပဲ ဘုန်းသွေးသစ်မောင်: ကို မောင်တယောက်တည်းအတွက် ဖြစ်တည်လာတာမို့ မောင်ကလည်း ငါ့အတွက်ပဲ ဖြစ်ပေးပါ ဝါသနာအရရေးတာမို့ အရမ်းမကောင်းနိုင်ပါဘူးနော် ငြမ့်ငြမ့်လေးနဲ့ Roဆန်...