လက်ယာဟာ တကယ်ကို
မိဘစကားနားထောင်တဲ့ သားအလိမ္မာလေးပင်
သွေးတို့ ကျောင်းပြန်တက်တဲ့နေ့ကစပြီး လက်ယာဟာ
သိသိသာသာကို စိမ်းသွားတယ်
ထမင်းလည်း အတူလာမစားသလို တွေ့ရင်တောင်
ပြုံးမပြတော့ပြီးတော့ အတန်းခေါင်းဆောင်နဲ့တော့ အတော်ခင်သွားပုံပင်
ထမင်းလဘ်း အတူသွားစားသလို ကြည့်လိုက်တိုင်း တပူးပူး
တတွဲတွဲရာဇ်တို့အတွက်တော့
ထွေထွေထူးထူး ထူးခြားမှုမရှိ။
အရင်လိုပဲ ၂ယောက်တည်း ပြန်ဖြစ်သွားတယ်ဒါပေမဲ့ လက်ယာကို ရာဇ်တို့၂ယောက်လုံး တခုတော့ စိတ်ပူမိတယ်။
မိဘစကားနားထောင်တဲ့ သားအလိမ္မာလေး ဖြစ်တဲ့ လက်ယာက
သေးသေးကွေးကွေး
ပြီးတော့ စာမှာလည်း ထူးချွန်တာမို့ အရင်က
ရာဇ်တို့အခန်းမှာ ဆရာမ မေးတိုင်းဖြေနိုင်ပြီး အချိန်တိုင်း
roll 1 ချိတ်တဲ့
ကောင်မလေးရဲ့ အမြင်မကြည်မှုကို ခံနေရတာပင်
ကောင်မလေး အမြင်မကြည်တာကအကြောင်း မဟုတ်ပေမဲ့
သူ့အကိုက ဟိုတခါ ရာဇ်တို့နဲ့
ပြဿနာဖြစ်ဖူးတဲ့ ကျောင်းလူမိုက် ဖြစ်နေလို့ပင်။
ဒါပေမဲ့ ဘာတက်နိုင်မှာလဲ
သူက ရာဇ်တို့ကို ဆိုရင်
ကြည့်တောင်မကြည့်တော့တာ
ဘယ်လိုပဲ ဖြစ်ဖြစ် လက်ယာဘေးမှာရှိတဲ့ သူ့သူငယ်ချင်းတွေက
ကာကွယ်ပေးလိမ့်မည် ထင်ပါသည်။"King မင်း အစပ်ကိုလာလို့ အဲလောက်တောက် မကြိုက်တာလဲ"
ကျောင်းကန်တင်းမှာ ထမင်းစားနေရင်း ငရုတ်သီးစပ်လို့
ထပ်စားတော့ဘူး လုပ်နေတဲ့
ရာဇ်ကို သွေးကမေးလိုက်ခြင်းပင်"မင်းကလည်းကွာ မကြိုက်လို့ပေါ့ ဘာကြောင့်ညာကြောင့် ရှိရမှာလား"
"အေးပါ ထမင်းထပ်မစားရင်
မုန့်တခုခု ဝယ်စားလေ
မင်းဆာနေမှာပေါ့""အေး ငါပြန်လာမှ
စားတော့မယ် ခုတော့ သန်စင်ခန်းကို အရင် သွားလိုက်ဦးမယ်"ဆိုပြီး ရာဇ် သန့်စင်ခန်းဘက်ကို
ထွက်လာခဲ့တယ်သန့်စင်ခန်းရောက့တော့
အပေါက်ဝနားမှာ ကျောင်းသားတွေ စကားများနေတယ်သေချာကြည့်လိုက်မှ လက်ယာနဲ့ အချိန်တိုင်း roll1 ချိတ်နေကျ
ကောင်မလေး အကိုတို့ပင်

YOU ARE READING
Ride or Die
Romanceစိုင်းဧကရာဇ်မောင်: မောင့်ကိုပဲ ချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင်က ငါ့တယောက်တည်း အတွက်ပဲ ဘုန်းသွေးသစ်မောင်: ကို မောင်တယောက်တည်းအတွက် ဖြစ်တည်လာတာမို့ မောင်ကလည်း ငါ့အတွက်ပဲ ဖြစ်ပေးပါ ဝါသနာအရရေးတာမို့ အရမ်းမကောင်းနိုင်ပါဘူးနော် ငြမ့်ငြမ့်လေးနဲ့ Roဆန်...