part 10 ( secrect )

114 11 18
                                    

ရာဇ် အခန်းထဲ​​ပြန်ဝင်လာတော့ ကုတင်မှာ မှီပြီး မှေးနေတဲ့ သွေးတယောက်သာ ရှိတော့တာကြောင့်
ဟိုအကိုတွေ ပြန်သွားပြီဆိုတာ သိလိုက်တယ်

ရာဇ်ဝယ်လာတဲ့ ခရုဆန်ပြုတ်ကို ပန်းကန်ထဲထည့်ဖို့ လုပ်တော့
သွေးက မျက်လုံးဖွင့်ကြည့်လာတယ်။

"King ငါ...

"အရင်စားလိုက် ဘုန်းသွေး
ပြီးရင်ဆေးသောက်ရဦးမှာ
စကားမများနဲ့ဦး"

ဆိုပြီး သွေးကို ဘာမှ အပြောမခံပဲ
သူကိုယ်တိုင် ဆန်ပြုတ်ကိုပဲတိုက်နေတာကြောင့် သွေးလည်းဘာမှ ဆက်မပြောတော့ပဲ
ဆန်ပြုတ်သာ သောက်နေလိုက်တယ်။

ဒီအခြေနေကြီးဟာ တော်တော်ကို
အသက်ရှုရကျပ်စေပါတယ်။
အချိန်တိုင်း သူ့ဘေးမှာ
တမျိုးမဟုတ် တမျိုးစနောက်နေတဲ့ Kingဟာ အရမ်းကို ငြမ်သက်နေတယ်။
မျက်ဝန်းတွေကလည်း သူကိုမကြည့်ပဲ သူ့အကြည့်တွေကို ရှောင်နေပြန်တယ်။

ဆန်ပြုတ်ကုန်သွားတာကြောင့်

"ငါရှင်းပြ မယ်လေ
မင်းနားထောင်မယ်မလား"

ဆိုပြီး မေးလိုက်တော့
ခေါင်းရမ်းပြပြီး

"ဆေးအရင်သောက်လိုက်
ပြီးရင် တရေးလောက်အိပ်လိုက်ဦး မင်းအားရှိနေဖို့လိုက်တယ်
ပြီးမှ နားထာင်မယ်"
.

ဆိုတဲ့ Kingရဲ့ စကားကြောင့်
သွေးလဘ်း ဘာမှပြန်မပြောတော့ပဲ ဆေးသောက်ပြီး
အိပ်ဖို့ လုပ်လိုက်တယ်။
ပင်ပန်းထားတာရော ဆေးအရှိန်ရောကြောင့် တန်းပြီး အိပ်ပျော်သွားတယ်။
သွေးအိပ်ပျော်သွားတာ သေချာမှာ ရာဇ် Sofa ပေါ်မှာထိုင်လိုက်ပြီး ကျော်မှီကာ မျက်စိမှိတ်လျလိုက်တယ်။
ပါးပြင်ထက်က ပူပူနွေးနွေးကြောင့် မျက်ရည်ကျသွားတာကို ရာဇ်သိလိုက်တယ်။

သူဆုံးဖြတ်ထားတယ်။
ဘာကိုလဲဆိုတော့ သူသွေးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ အခြေအနေမရောက်မချင်း
'မောင်' လို့ မခေါ်တော့ဘူး
ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ။
အင်း...တသက်လုံးမ ခေါ်ရတော့မှာလည်း ဖြစ်နိုင်ကောင်းပါရဲ့။

ရာဇ်လည်း ဆက်စဥ်းစားမနေတော့ပဲ အတန်းပိုင်ဆရာမဆီ ဖုန်းဆက်ပြီး သူတို့၂ယောက်လုံး ပတွက် ခွင့်တိုင်လိုက်တယ်။

Ride or DieWhere stories live. Discover now