"ဘောလုံးကန်ချင်လား"
ဆိုပြီး ရာဇ်ကမေးလိုက်တာကြောင့် သွေးက
"အင်း ငါကန်လည်း အဆင်ပြေပါတယ်
ဒီနေ့စောရောက်တာပဲဟာ""အင်း အဲတာဆို သွာရအောင်"
ဆိုပြီး ရာဇ်က သွေးကို လက်ဆွဲ ခေါ်သွားတယ်
ရာဇ်သွားနေတာဟာ သူမြင်တဲ့ ကလေးတွေ ဘောလုံးကစားနေတဲ့ နေရာမဟုတ်ဘဲအဲကလေးတွေ ဘေးမှာ
အဖော်မရှိ တယောက်တည်း ကစားနေရတဲ့ ကောင်လေး တယောက်ဆီကိုကောင်လေးဟာ ပုံမှန်ကလေးတယောက်
ဖြစ်ဟန်မတူ
ဘောလုံးကို ၃ချက်လောက်ကန်မှ
တခါလောက်သာ ကန်မိတယ်
ခေါင်းကလည်း အကြောဆွဲနေသလို
တဖက်တည်းကို တမိနစ်ခြား တခါလောက်
စောင်းသွားတက်သေးတယ်ရာဇ်က အဲကလေးလေးနားရောက်တော့
"ဟေး ကောင်လေး
တယောက်တည်းကစားရတာ မပျင်းဘူးလား
အကိုတို့နဲ့ တူတူကန်မလား
အကိုတို့လည်း ကန်ချင်လို့"ဆိုပြီး ပြောလိုက်တော့
ကောင်လေးက အံ့သြ သွားတဲ့ပုံပဲ
မျက်လုံးလေးပြူးပြီး ရာဇ်ကို မော့ကြည့်လာတယ် နောက်တော့
သူ့ရဲ့ မျက်ဝန်းအိမ်ထဲမှာ အရည်ကြည်တွေ ပြည့်လာတာမို့
ရာဇ်ခမျာ ပြာယာခတ်သွားပြီး"အာ
ညီ မင်းမဆော့ချင်လည်း ရပါတယ်ကွာ
ငိုတော့မငိုပါနဲ့ အကိုက မချော့တက်ဘူးကွ
အဲတာဆိုလည်း
အကိုတို့ သွားပြီ"ဆိုပြီး ပြန်လှည့်ထွက်မယ် ပြင်တော့
ရာဇ်ရဲ့ အင်္ကျီစကို ကျစ်နေအောက်
စုပ်ထားတဲ့ ကောင်လေးရာဇ်က ပြန်လှည့်ကြည့်ပြီး
"ဘာပြောချင်လို့လဲ"
ဆိုပြီး မေးငေါ့ပြလိုက်တော့
ကောင်လေးက"ဟို..ဟို
ကျ..ကျနော်က....ဆော့...ဆော့ချင်....ပါတယ်"ဆိုပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာတယ်
ရာဇ်က သူ့အပိုင် ပါးချိုင့်လေးကို ပေါ်အောင်ပြုံးပြပြီး"ဒာဆို ဘာလို့ ငိုမလို ဖြစ်နေတာလဲကွ
ငါ့ညီရ"ဆိုပြီး သွေးကို ဆွဲထားတဲ့လက်ကို
ဖြုတ်လိုက်ပြီး အဲကောင်လေး ပခုံး ပေါ်တင်လိုက်တယ်

ESTÁS LEYENDO
Ride or Die
Romanceစိုင်းဧကရာဇ်မောင်: မောင့်ကိုပဲ ချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင်က ငါ့တယောက်တည်း အတွက်ပဲ ဘုန်းသွေးသစ်မောင်: ကို မောင်တယောက်တည်းအတွက် ဖြစ်တည်လာတာမို့ မောင်ကလည်း ငါ့အတွက်ပဲ ဖြစ်ပေးပါ ဝါသနာအရရေးတာမို့ အရမ်းမကောင်းနိုင်ပါဘူးနော် ငြမ့်ငြမ့်လေးနဲ့ Roဆန်...