Scroll down for zawgyi code users
Zhang Yixing + Kim Junmyeon
{By Emily} 2022အညိုရောင်သစ်သားခုံတို့က အစီအရီရှိလို့နေသည်။ကျောင်းပြေးသည့် အတန်းဖော်အချို့ရှိပြီး၊ အချို့က ငြီးငြူလို့နေကြသည်။
ဒီကနေ့က V day ဖြစ်ပြီး၊နုပျိုအရည်ရွှမ်းဆဲအချစ်များနဲ့ ကျောင်းသားများကတက်ကြွလို့နေသည်။
အချစ်ဟာ အသက်အရွယ်မရွေး၊အရောင်မရွေးခဲ့ပါ။ကျောင်းသားလေးကျန်းရဲ့ စာရေးခုံအံထဲတွင် ရောင်စုံ၊မျိုးစုံ ချောက်ကလတ်များရှိလို့နေသည်။သို့သော်လည်း အချစ်များလက်ခံရန် အစီအစဥ်မရှိပုံရသည့် အတန်းဖော်လေးကျန်းက မိန်းကလေးများ၏အသဲနှလုံးကို အစိမ်းလိုက် ခွဲပြစ်ရှာသည်။စာအုပ်နဲ့မျက်နှာကပ်ကာ ခပ်ကြီးကြီးချောကလတ်ပြားများကို မမြင်ဟန်ဆောင်ထားသည့် အတန်းဖော်ကျန်းကြောင့် ကျောင်းသူလေးများ မျက်ရည်ကျရတော့သည်။
ကျန်းရီရှင်းက ဘယ်ဘက်လက်မှ နာရီအမဲလေးကို ငုံကြည့်သည်။ထို့နောက်တွင် လွယ်အိတ်ထဲက ဖုန်းအသေးလေးကို ဆွဲထုတ်ကာ စာအဝင်အထွက်ကို စစ်ဆေးသည်။
ပြန်စာ မလာပါ။
နေ့လည် ၁နာရီနဲ့၂၃မိနစ်ရှိပြီ ဖြစ်ပြီး၊စာပို့ပြီးချိန်သည် ၃နာရီနဲ့၄၈မိနစ်ရှိပြီဖြစ်သည်။သို့သော် ပြန်စာမရှိခဲ့ပါ။
ဖုန်း၏ မျက်နှာပြင်တွင်
* Happy Valentine's Day ပါ အရမ်းချစ်တယ်* ဟူသော ပေးပို့စာသာရှိသည်။တစ်မြေ့မြေ့စောင့်မျှော်ခဲ့သော ပြန်စာသည် ကျောင်းလွှတ်ချိန်အထိ ရောက်မလာခဲ့ပါ။
ဖုန်းအဟောင်းလေးအား ဖွင့်ကာ Youtube ထဲဝင်လိုက်သည်။ရွေးချယ်လိုက်သော သီချင်းက နားကျပ်မှတစ်ဆင့် တိုးတိုးလေးထွက်လို့နေသည်။အိမ်ပြန်လမ်းတွင် အဖော်မဲ့လို့နေသည်။' You betrayed me
And I know that you'll never feel sorry
For the way I hurt, yeah
You'd talk to her
When we were together
Loved you at your worst
But that didn't matterIt took you two weeks
To go off and date her
Guess you didn't cheat
But you're still a traitor'သီချင်းသံစဥ်အား မတိုးမကျယ်လိုက်ရွတ်၍ ကောင်းကင်ပြာကြီးအား မော့ကြည့်လိုက်သည်။နောက်ဆုံးတော့လည်း သူက စွန့်ပြစ်ခံလိုက်ရတာပါပဲ။
YOU ARE READING
Sugar Daddy and his candy boy[Complete]
Fanfiction|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)