Note:updateတွေ အရမ်းကြာနေလို့ နေ့သတ်မှတ်လိုက်မယ်နော် နောက်အပတ်ကစပြီး ဗုဒ္ဓဟူးနေ့တိုင်း update ပါ့မယ်ဗျ💜
Scroll down for zawgyi code users
Zhang Yixing + Kim Junmyeon
{By Emily} 2022'of all of the lies i've heard
"I love you" was my favorite'နေရောင်ခြည်နုနုသည် ဧကပေါင်းများစွာ ကျယ်ဝန်းပြီး၊အလည်ဗဟိုတွင် ကြီးမားခန့်ထည်သော အိမ်တော်ကြီးရှိရာဆီသို့ တိုက်ရိုက်ခစားလို့နေသည်။အဝေးကကြည့်လျင်ပင် အနားမကပ်ဝင့်သည့် အရှိန်အဝါများထုတ်လွှင့်နေသည့် အိမ်တော်ကြီးကဲ့သို့ပင် လက်ရှိ အိမ်တော်သခင် ဂင်ဂျွန်မြောင် သည်လည်း မြင့်မြတ်စွာကျက်သရည်ရှိသော ရုပ်ရည်ကိုပိုင်ဆိုင်ထားလေသည်။
ပင်မအိမ်တော်အရှေ့မှ လှပစွာသော ရေပန်းကြီးကပင် ပေ၁၀၀ခန့်ရှိ၏။ဤအိမ်တော်တွင်တည်ရှိသည့် ပစ္စည်းများထဲမှ တန်ဖိုးအနည်းဆုံးပစ္စည်းပင်လျှင် သိန်း၁၀၀၀ ကျော်လေသည်။သို့သော်လည်း မိသားစုခေါင်းဆောင်ဟောင်း ဂင်အဘိုးကြီးကတော့ မိသားစုပိုင်ဆိုင်မှုများထဲတွင် တန်ဖိုးဖြတ်မရသည်မှာ သူ့၏အချစ်တော်မြေး ဂင်ဂျွန်မြောင်ဟု မှတ်ယူထားလေသည်။ဂင်မျိုးနွယ်ရှိ မွေးကင်းစမှလွဲ၍ သေခါနီးလူအထိ ချစ်ခင်လေးစားခံရသူသည် လက်ရှိ မိသားစုခေါင်းဆောင် ဂင်ဂျွန်မြောင် ဖြစ်လေသည်။
အိမ်တော်ကြီးထဲရှိ အကျယ်ဆုံးအခန်းထဲတွင် အစေခံမိန်းမပျိုများ၏ အဝတ်အစားဆင်ယဥ်ပေးခြင်းကို ခံနေရသူသည် ဂင်ဂျွန်မြောင်ပင်ဖြစ်သည်။ဂင်ဂျွန်မြောင်သည် မိသားစုလုပ်ငန်းများကို ထိန်းချုပ်ရသည်ကလွဲ၍ မိမိကိုယ်ကို ပြင်ဆင်ခြင်းများကို မွေးခါစမှပင် လုပ်ကိုင်ခဲ့ရဖူးခြင်းမရှိခဲ့ပေ။အချို့သော လူ ပုဂ္ဂိုလ်များသည် ဘုရင်အဖြစ်၊သူဌေးအဖြစ်မွေးဖွားလာကြသည်ဟု စကားအဆိုရှိလျင် ထိုသူသည် ဂင်ဂျွန်မြောင်သာဖြစ်လိမ့်မည်။အုဝဲဟုအော်ကာ အပြင်လောကနှင့်စတင်ထိတွေ့သည်မှစ၍ အိမ်တော်ရှိ အစေခံ၁ထောင်၏ ဆောင်ရွက်ပေးခြင်းကို ခံခဲ့ရသည်။
UK မှခေါ်ယူထားသည့် ကမ္ဘာကျော် Designer ၏ အတိအကျချုပ်ထားသော နီညိုရောင် suit နှင့် ထည်ဝါသော အရှိန်အဝါတို့ ထုတ်လွှတ်နေသည့် အိမ်တော်အကြီးအကဲက အပေါ်ထပ်မှ ဆင်းလာချိန်တွင် ထမင်းဝိုင်း၌ အသင့်စောင့်နေကြသည့် လူများက မတ်တပ်ရပ်ကာ ကြိုဆိုကြသည်။
ဂင်ဂျွန်မြောင်က ခေါင်းတစ်ချက်ငြိမ့်ကာ အသိအမှတ်ပြုပြီး စားပွဲ၏ ထိပ်ဆုံးတွင် နေရာယူလိုက်သည်။ငွေရောင်အနားကွတ်ထားသည့် ကော်ဖီခွက်ထဲမှ မြန်မာနိုင်ငံမှတင်သွင်းသော ကော်ဖီစစ်စစ်အား တစ်ငုံသောက်လိုက်ပုံသည်၊ ကျော့ရှင်းကာ မမြင်နိုင်သော တောက်ပကျော်ကြားမှုအားဖော်ပြလေသည်။
ESTÁS LEYENDO
Sugar Daddy and his candy boy[Complete]
Fanfic|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)