Scroll down for zawgyi code users
Zhang Yixing + Kim Junmyeon
{By Emily} 2022' You broke my heart and
make me feel like
it was my fault '
မင်းကငါ့ကို ဒီတစ်သက်လုံး မပျောက်ကွယ်နိုင်မဲ့ အချစ်မျိုးပေးခဲ့တယ်ဘာလို့ လက်လွှတ်လိုက်ဖို့ ငါ့ကိုရက်ရက်စက်စက် ဖိအားပေးနေရတာလဲ
TV ထဲကရယ်မောပျော်ရွှင်သံတွေက သူအားလှောင်ရယ်နေသလိုခံစားလာရသည်။အတူတွဲလျှောက်လာတဲ့ပုံရိပ်တွေ၊အများလက်ခံထားတဲ့ ဆက်ဆံရေးတစ်ခုကို ငြင်းချက်မထုတ်တာတွေနဲ့တင် သူအတွက်ရှေ့ဆက်တိုးရန် နေရာမရှိတော့ပေ။ခံပျင်းလွန်းလို့ မွန်းကျပ်လာရသည်။
မင်းကို ဆုံးရှုံးပြီးတော့လည်း အဆုံးမရှိစောင့်ဆိုင်းနေတုန်းပါပဲ
ဆုံရှုံးတယ်ဆိုတာ ပိုင်ဆိုင်ခဲ့ဖူးပြီးမှ သုံးနှုန်းသင့်သတဲ့လေ။ကိုယ့်မှာတော့ ကိုယ့်တိုင်ကိုယ်ကျလှမ်းလာတဲ့ လက်တစ်စုံကို ပုတ်ချခဲ့သူသာဖြစ်ခဲ့တယ်။
"ကြည့်လှချည်လား CEO ကြီးရဲ့..မသိရင် သိပ်ချစ်မိနေတဲ့အတိုင်းပဲ..."
မျက်နှာခြင်းဆိုင်မှ သူ့အားကြည့်ကာ အတွေးလွန်နေသည့် ဂျွန်မြောင်ကို လှောင်ပြုံးလေးနဲ့ ရီရှင်းက ခနဲ့ရှာသည်။
အရင်က သူ့အားကြည့်ခဲ့ဖူးတဲ့ ချစ်မျက်ဝန်းများလည်း ရှာမတွေ့တော့ပါ။တစ်ဘဝလုံးစာ လွဲခဲ့တဲ့ ရထားတစ်စီးရယ်ပေါ့။
မင်းလည်းသေချာပေါက် ငါ့ကိုလွမ်းနေလောက်မှာပါ
"ကျွန်တော်တို့ ကုမ္မဏီတွေ ပူးပေါင်းမဲ့ကိစ္စကို အမြန်လုပ်ရအောင် မဟုတ်ရင်ဒီကိစ္စနဲ့အလုပ်ရှုပ်နေတာ သူ့ကိုဂရုမစိုက်လို့ဆိုပြီး ဟောက်ရွှင်က စိတ်ကောက်နေပြီ..ပြီးတော့လည်း မတွေ့ချင်တဲ့မျက်နှာတွေကို အကြာကြီးတွေ့နေရတာ စိတ်မချမ်းသာဘူး.."
နောက်ဆုံးစာကြောင်းတွင် သူ့အားအသေအချာစိုက်ကြည့်ပြီး အသံဖိပြောလိုက်သည်ကြောင့် ဆိုဖာလက်တန်းပေါ်တင်ထားသည့် လက်အား ဂျွန်မြောင်, လက်သီးဆုပ်၍ အံကြိတ်ရုံမှတပါး မတုံ့ပြန်မိခဲ့ပါ။
YOU ARE READING
Sugar Daddy and his candy boy[Complete]
Fanfiction|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)