10💵

310 49 18
                                    

Scroll down for zawgyi code users

Zhang Yixing + Kim Junmyeon
{By Emily} 2022

' I don't care how complicated
this gets, I still want you.'

"ဘယ်သူလဲ..."

စိမ်းသက်လွန်းသည့် အမေးကြောင့် ရီရှင်းဟာထိပ်လန့်သွားခဲ့ရသည်။ယခုမှ ကားပေါ်က ဆင်းလာသည့် အဘိုးကလည်း ဂျွန်မြောင်အမေးကြောင့် အံ့သြနေသည့် မျက်လုံးတို့ဖြင့် မော့ကြည့်လာသည်။

"သြော် ကိုယ်သိပြီး..."

ယခုမှသာ ရီရှင်းပြုံးရယ်နိုင်တော့သည်။

"ဆယ်ဟွန်း အတန်းဖော်မဟုတ်လား..ဆယ်ဟွန်းကို လာတွေ့တာလား...ဟမ်..အဘိုး ဘာလို့လဲ..."

ပျော်ရွှင်ခြင်းရော ၊ထိပ်လန့်ခြင်းရော သူ့အတွက် ခံစားချက်မျိုးစုံပေးနိုင်သူသည် ဂင်ဂျွန်မြောင် ဆိုသည့် ထိုလူသားဖြစ်နေခြင်းက ထူးစမ်းမနေတော့ပေ။ယခုတွင်လဲ သူ့အား ထိပ်လန့်အောင် လုပ်နေပြန်ပြီဖြစ်သည်။

"ဂင်ဂျွန်မြောင် မင်းဘာတွေပြောနေတာလဲ ဒါကမင်း အဟမ်း ချစ်လှပါချည်ရဲ့ဆိုပြီး စေ့စပ်ထားတဲ့ ကလေးလေ....."

ရီရှင်းက မျက်ရည်စတို့ရစ်သိုင်းနေသည့် မျက်ဝန်းတို့ဖြင့် အဘိုးအား အားကိုးတစ်ကြီးမော့ကြည့်သည်။အဘိုးအိုမှာ ဒီသနားစရာကောင်းတဲ့ကလေးကို အားနာလွန်းလို့ မျက်နှာပင်မပြဝံ့တော့။

"မဖြစ်နိုင်တာ ဘယ်တုန်းကလည်း.."

"ဂင်ဂျွန်မြောင် မင်းစားပြီးနားမလည် မလုပ်နဲ့စမ်း.."

ဂျွန်မြောင်က သူ့ရဲ့မျက်မှန်အဝိုင်းကို ချွတ်လိုက်ပြီး၊ အတော့်ကိုစိတ်အိုက်နေဟန် ပြုမူသည်။

"အဘိုး စီစဉ်ထားတာလား...နောက်ဆုံးတော့ ယောကျ်ားလေးနဲ့ပါ၊ ကျွစ်~~ ကျွန်တော် ယောက်ျားတွေကို သဘောမကျဘူး...."

ထိုပြတ်သားသောစကားကြောင့် ရီရှင်းက ခပ်တင်းတင်းလက်သီးဆုပ်လိုက်မိသည်။သူအကြောက်ဆုံးက ထိုသူ သူ့ကိုမေ့သွားခဲ့မှာကိုဖြစ်ပြီး၊ယခုတွင်တော့ သူ၏အကြောက်တရားအား အစစ်အမှန်ကြုံတွေ့နေရပြီဖြစ်သည်။

ဂင်ဂျွန်မြောင်က သူ့အားအလေးမထားသလိုတစ်ချက်ကြည့်ကာ ကျော်ဖြတ်သွားခဲ့သည်။

Sugar Daddy and his candy boy[Complete]Donde viven las historias. Descúbrelo ahora