Scroll down for zawgyi code users
Zhang Yixing + Kim Junmyeon
{By Emily} 2022"You're my happy place"
အနက်ရောင် ကားလေးပေါ်မှာ လေထုကတိတ်ဆိတ်လို့နေသည်။ရီရှင်းက သူ့ရဲ့နှုတ်ခမ်းရဲရဲလေးကို တစ်တောင်လောက်ထော်ပြီး၊သူ့လက်ထဲက ထမင်းဘူးကိုမွှေလို့နေသည်။
ရီရှင်းက စိတ်တိုရလွန်းလို့ မျက်ရည်များပင် ရစ်ဝိုင်းနေပြီဖြစ်သည်။သူ့ကို ကျောင်းမလွှတ်ဘဲဆွဲထားချင်သည့် ဂင်ဂျွန်မြောင်ကို ရီရှင်းက အောင်မြင်စွာစည်းရုံးနိုင်ခဲ့သည်။သို့ပါသော်လည်း ထိုသူက ကျောင်းတွင်တစ်ချိန်လုံးစောင့်နေသည်။ ထမင်းစားလွှတ်ချိန်တွင် သူ၏ကားထဲသို့ဆွဲသွင်းကာ ထမင်းဗူးပေး၍ စားစေသည်။ချစ်စရာထမင်းဘူးလေးထဲတွင် ထမင်းပေါ်၌ ပါဒါလေးအိပ်နေသလိုအလှစင်ထားပြီး အဝါရောင်ကြက်ဥက ထိုပန်ဒါအားစောင်ခြုံပေးထားသကဲ့သို့ရှိလို့နေသည်။ထိုသူက သူ့အားမူကြိုကလေးလေးလို ဆက်ဆံနေတာဖြစ်သည်။
ရီရှင်းက ဆူပုတ်ပုတ်နဲ့ ထမင်းတွေကို ထိုးဖွရင်း အားနဲ့ဖိဝါးလို့နေသည်။ဂျွန်မြောင်က လက်နဲ့မေးထောက်ထားပြီး၊အလိုလိုက်ခံထားရလို့ ဆိုးသွမ်းနေတဲ့ ကလေးငယ်လေးလို ရီရှင်းကို တယုတယကြည့်လို့နေသည်။ထိုသူရဲ့ နှုတ်ခမ်းတွေက အထက်ကိုကော့တက်နေပြီး ဘယ်လောက်တောင်ပျော်ရွှင်နေလည်းဆိုတာကိုဖော်ပြလို့နေတယ်။
"ကုန်သွားပြီလား..ရော့ဒီမှာ စတော်ဘယ်ရီလေးတွေစားအုန်း..."
နောက်ထပ်ခရမ်းနုရောင် ထမင်းဗူးလေးထွက်လာပြီး၊ထိုထဲမှာ လှပပြီးကြီးမားသည့် နီနီရဲရဲ စတော်ဘယ်ရီကြီးများရှိလို့နေသည်။ဒီတစ်ခါမှာတော့ ရီရှင်းက ငြင်းဆန်ခြင်းမရှိတော့ဘဲ ငြိမ်ငြိမ်လေးစားလို့နေသည်။
ဂျွန်မြောင်က ထိုစတော်ဘယ်ရီတွေကို ကိုက်လိုက်တဲ့ နီနီရဲရဲနှုတ်ခမ်းလေးကိုစိုက်ကြည့်နေရင်း၊သူ့ရဲ့ လည်ပင်းက အာဒံပန်းသီးလေးက အထက်အောက်လှုပ်ရှားလို့သွားသည်။အောက်နှုတ်ခမ်းတွဲတွဲလေးက စတော်ဘယ်ရီသီးရဲ့တစ်ဝက်ကို အပိုင်စီးလို့ထားသည်။အရည်ရွှမ်းကာ ရွှန်းစိုနေသည့် နှုတ်ခမ်းအစုံက စတော်ဘယ်ရီထက်ပို၍ ချိုလိမ့်မည်။
YOU ARE READING
Sugar Daddy and his candy boy[Complete]
Fanfiction|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)