4💵

385 53 19
                                    

Scroll down for zawgyi code users

Zhang Yixing + Kim Junmyeon
{By Emily} 2022

' "Mine" he whispers.
"Yours" I breathe. '

မနက်ခင်းနေရောင်သည် မြေပြင်ပေါ်သို့ တရားဝင်ကျရောက်လို့လာသည်။ရီရှင်းက နို့ဘူးလိုက်ပို့ပြီးပြန်လာကာ ၊ ကျောင်းသွားရန် ရေချိုးသည်။ရီရှင်းက အားလုံးပြင်ဆင်ပြီး၍ ကျောင်းသွားရန် တံခါးဖွင့်လိုက်ချိန်၌ သူ၏အိမ်တံခါးအား ခေါက်ရန်ပြင်နေသည့် အိုဆယ်ဟွန်းအား တွေ့လိုက်ရသည်။

"ရီရှင်း...."

ဆယ်ဟွန်းက ရီရှင်းကို တွေ့ချိန်တွင် ကယ်တင်ရှင် တစ်ယောက်အား တွေ့သကဲ့သို့ တင်းတင်းဖတ်ထားတော့သည်။

"ဘာ ဘာကိစ္စရှိလို့လည်း.."

ရီရှင်းက သူ့အိမ်အားမည်သို့သိရှိပါသလဲဟု မေးမြန်းမနေခဲ့ပါ။ဆယ်ဟွန်းအနောက်တွင် ပါလာသော bodyguard များနှင့် ဆယ်ဟွန်း၏နောက်ခံက သူ့လို သာမညောင်ကောင်လေး၏အိမ်အား အလွယ်တကူရှာနိုင်လိမ့်မည်ဖြစ်သည်။

"ရီရှင်း ငါ့ကိုကူညီပါအုန်း၊ကူညီမယ်မဟုတ်လား..ကျေးဇူးကွာ...လာ လာ ငါ့ကားနဲ့တစ်ခါတည်းလိုက်ခဲ့..."

"ဟမ်...မဟုတ် ငါ.."

"ကားပေါ်ရောက်ရင် ငါအကြောင်းစုံရှင်းပြပါ့မယ်"

ရီရှင်းက မည်သည့်ငြင်းဆိုစကားမှ မဆိုနိုင်သေးခင်တွင် ဆယ်ဟွန်း၏ကားထဲထိုးထည့်ခြင်းသို့ခံလိုက်ရတော့သည်။ရီရှင်း၏ တင်ပါးအောက်က ပထမဆုံးအကြိမ်ခံစားဖူးသော နူးညံ့သည့် ထိုင်ခုံလေးအား ပွတ်သပ်နေခဲ့မိသည်။ချမ်းသာတဲ့ လူတွေရဲ့ဘဝတွေများ ဇိမ်ကျလိုက်တာ။

"ဟမ်...အဲ့တော့ ငါ ငါက ဘာလုပ်ရမှာလဲ..."

ရီရှင်းက ဆယ်ဟွန်း၏ရှင်းပြစကားအဆုံးတွင် အလန့်တကြားပြောလိုက်မိသည်။မနေ့ညက လဲကျနေသည့် လူတစ်ယောက်ကို သူက bar အရှေ့သို့ခေါ်လာပေးခဲ့ပြီး ထိုသူက သူ၏တပည့်များဟုဆိုသော လူသန်ကြီးများက ခေါ်ဆောင်ခြင်းကိုခံသွားသည်။

Sugar Daddy and his candy boy[Complete]Where stories live. Discover now